အသုံးစရိတ် ပေါင် သန်း ၂၀၀ ရှိလာခြင်း၊ အတွဲလိုက် ရှင်းထုတ်မှုတွေအတွက် ကြိုးစားနေခြင်း၊ လာမယ့်အပတ် ဆေးစစ်မယ့် ကာကက်ဇ်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ကွင်းလယ်လူဗစ်ကို ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

ဗစ်ကိုယ်တိုင်ကတော့ လီဗာပူးဟာ ကမ္ဘာ့ထိပ်တန်း ၃ သင်းထဲက ၁ သင်းဖြစ်ပြီး သူဟာ လုံခြုံစိတ်ချရတဲ့ အသင်းထံကို ကိုယ့်ဘာသာ အပ်နှံနိုင်ခဲ့ခြင်းလို့ ညွှန်းဆိုပါတယ်။ သူကတော့ အသင်းနဲ့အတူ အရာအားလုံး အောင်မြင်လိုတယ်လို့ ထုတ်ဖော်ပါတယ်။

ဖရန်းပေါင်ဟာ သူ့အတွက် အင်္ဂလိပ်စကား ပြောဖော်ပြောဖက်ဖြစ်သလို အဝတ်လဲခန်းထဲမှာ ဘေးကပ်လျက်အတူ နေခဲ့သူပါလို့ ဗစ်က ဆိုပါတယ်။ ဖရန်းပေါင်ကြောင့်ပဲ အင်္ဂလိပ်စကားပြော အများကြီး တိုးတက်ခဲ့ရတယ်လို့ ဗစ်က ပြောပါတယ်။

လာမယ့်အပတ်မှာ ဘယ်အစွန်လူ ကာကက်ဇ်ဟာ လီဗာပူးအသင်းထံ ရောက်လာပြီး ဆေးစစ်မှု ခံယူသွားမှာ ဖြစ်ပါတယ်။

ပဲလေစ့်ဘက်က ဂူဟီအတွက် မြင့်မားတဲ့ ပမာဏတောင်းဆိုရင် လီဗာပူးဘက်က လက်ရှောင်မှာပါ။ အဲ့အစား လူငယ် ခံစစ်မှူးကိုပဲ ခေါ်ယူမှာဖြစ်ကာ လိုက်ဇစ်မှ Lukeba ကိုလည်း သဘောကျမှုရှိပါတယ်။

နွေအသုံးစရိတ် ပေါင် သန်း ၂၀၀ ရှိလာတဲ့ လီဗာပူးအသင်းဟာ နောက်ထပ် ပေါင် သန်း ၁၅၀ ဝန်းကျင် ဆက်သုံးနိုင်တယ်လို့ အပြောင်းအရွှေ့ သတင်းထောက်တွေဘက်က ခန့်မှန်းပါတယ်။

နာပိုလီဟာ ဒါဝင်အတွက် ယူရို သန်း ၅၀ ဝန်းကျင်ဖြင့် ချိတ်ဆက်နေသလိုပဲ ခီယေဆာကို ခေါ်ယူရေးအတွက်လည်း လက်မလျော့သေးပါဘူး။

လီဗာပူးအသင်းဟာ ကစားသမားရောင်းချမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီး ရိုင်းဝီလီယမ်၊ နက်ဖီးလစ်၊ ဗန်ဒုတ်၊ ဟာဗေး၊ ခီယေဆာတို့အတွက် အသင်းသစ် ရှာဖွေပေးရမှာပါ။

လီဗာပူးတာဝန်ရှိသူတွေကတော့ ကွင်းလယ်ခံစစ်ထက်စာရင် ခံစစ်မှူးနဲ့ တိုက်စစ်မှူး ခေါ်ယူရေးကိုပဲ ဦးစားပေးအဖြစ် ရည်မှန်းနေပါတယ်။