ဗြိတိန်ရဲ့အကောင်းဆုံး football model ကို တည်ဆောက်ထားနိုင်ခြင်း၊ အန်ဖီးကွင်းမှာ summer concert လုပ်ခဲ့တဲ့ Lana Del Rey နဲ့ နံနက်ခင်းလီဗာပူးသတင်းတိုများ

လီဗာပူးအသင်းနဲ့ နာပိုလီကြားမှာ ဒါဝင် နူးညက်စ်အတွက် စျေးဖြတ်မှုဟာ ကြီးကြီးမားမား ကွာဟချက်ရှိနေပါတယ်။

လီဗာပူးအသင်းဟာ ဒါဝင်အတွက် ၂၀၂၅ ဇန်နဝါရီမှာ ဆော်ဒီဘက်က ရခဲ့တဲ့ ယူရို သန်း ၇၀ ထက် ပိုနည်းတဲ့ မည်သည့် ပြောင်းရွှေ့ကြေးကိုမှ လက်မခံလိုဘဲ နာပိုလီဘက်ကတော့ ယူရို သန်း ၅၀ ဝန်းကျင်ပဲ စျေးပေးလိုနေတာပါ။

ရက်ပိုင်းအတွင်းမှာ လီဗာပူးအသင်းဟာ ပဲလေစ့် ခံစစ်မှူး ဂူဟီအတွက် တရားဝင် ကြိုးစားမှု စတင်မှာဖြစ်ကာ လန်ဒန်ကလပ်ဘက်က သင့်လျော်တဲ့စျေးနှုန်း မညှိနှိုင်းပေးရင်တော့ အပြောင်းအရွှေ့ ဆက်ရန်ရှိမှာ မဟုတ်ပါဘူး။

ယူရိုပြိုင်ပွဲ ပြီးခဲ့ပြီဖြစ်တာကြောင့် ဟာဗေး၊ မော်တန်၊ ကွမ်းဆက်တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စကို လီဗာပူးဘက်က ရှေ့ဆက်တော့မှာပါ။

လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူး ၂ ဦး ခေါ်ယူဖို့ ရည်မှန်းထားပြီး ပဲလေစ့်မှ ဟူဂီအပြင် အသက် ၂၀ အောက် ခံစစ်မှူးသစ် ၁ ဦးကိုလည်း ထပ်ခေါ်လိုပါတယ်။

ဆော်ဒီကလပ် အယ်နာဆာဟာ ဒီယက်ဇ်အတွက် ပေါင် ၇၂ သန်းတန် ကမ်းလှမ်းမှု လုပ်ဆောင်လာတော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

လီဗာပူးအသင်းရဲ့ အုပ်ချုပ်ရေးပိုင်း တည်ဆောက်ပုံဟာ အထူးကောင်းမွန်ပြီး ကလပ်ရဲ့အင်အားက ကြီးမားတယ်ဆိုတာထက် စမတ်ကျလွန်းတယ်လို့ ဘီဘီစီက ညွှန်းဆိုပါတယ်။

လီဗာပူးပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ လီဗာပူးအသင်းရဲ့ ဂလိုဘယ်ပရိသတ်တွေ တိုးပွားလာဖို့အပြင် အမေရိကန်မှာ လီဗာပူးအားပေးသူအင်အား တောင့်တင်းလာဖို့ကို ရေရှည်ပလန်အဖြစ် ထားရှိနေဆဲဖြစ်ပါတယ်။

ကမ္ဘာကျော် အဆိုတော် Lana Del Rey ဟာ summer concert အဖြစ် အန်ဖီးမှာ ဖျော်ဖြေသွားပါတယ်။