

လီဗာပူးအသင်းဟာ ဒီနွေမှာ ကလယ်ဟာ၊ ထရန့်တို့ကို ရောင်းထုတ်ထားပြီး မာမာဒီရှီဗီလာ၊ ဖရန်းပေါင်၊ ဗစ်၊ ကာကက်ဇ်တို့ ၄ ဦးကို ပြန်လည်ခေါ်ယူထားပြီးပါပြီ။
သူတို့ ၄ ဦး အတွက် လီဗာပူးအသင်းဟာအသုံးစရိတ် ပေါင် သန်း ၂၀၀ သုံးထားပြီဖြစ် ပရီးမီးယားလိဂ်ဘဏ္ဍာရေး စည်းမျဉ်းနဲ့ ငြိစွန်းဖွယ် မရှိပါ။
ဒါပေမယ့် နောက်ထပ် ခေါ်ယူမှုတွေအတွက်ကတော့ ကစားသမား ရောင်းထုတ်မှုတွေအပေါ် မူတည်လာမှာဖြစ်ကာ ဇူလိုင်လ အစမှာတင် ကွမ်းဆက် အထွက် ဂူဟီအဝင် မြင်ရဖို့ နီးစပ်နေတယ်။
လီဗာပူးအသင်းဟာ လက်ရှိ လူစာရင်းမှာ non-homegrown ၁၇ နေရာအတွက် ကစားသမား ၁၈ ဦးထိ ရှိနေတာမို့ တိုက်စစ်ပိုင်း ခေါ်ယူရေး မတိုင်ခင်ကို လူစာရင်း လျော့ချဖို့ လိုအပ်နေပါတယ်။
ဒါကြောင့်ပဲ မိုက်ကယ်အတ်ဝပ်ဟာ ခီယေဆာ၊ ဒါဝင်၊ ရော်ဘတ်ဆန်၊ ကိုစတက်တို့ ၄ ဦးထဲက ၁ ဦးကို မဖြစ်မနေ ရှင်းထုတ်ရန် လိုအပ်နေတယ်။
လီဗာပူးဘက်က ကစားသမား ရောင်းချနိုင်မှုအပေါ် မူတည်ပြီး ဒီစျေးကွက်မှာတင် ကစားသမား ပြန်လည် အစားထိုးမှု ထပ်လုပ်ပါဦးမယ်။ ကွမ်းဆက်အပြီးမှာ ဒါဝင်နဲ့ ဟာဗေးတို့ဟာ ထွက်ခွာနိုင်ချေ အမြင့်ဆုံး ကစားသမားတွေဖြစ်ပြီး သူတို့နှစ်ဦးအတွက် ပေါင် သန်း ၁၀၀ ဝန်းကျင်ရဖို့ လီဗာပူးဘက်က ရည်မှန်းထားပါတယ်။
လက်တလောမှာ အထောင်တိုက်စစ်မှူး၊ စွယ်စုံရတိုက်စစ်သမားနဲ့ ဗဟိုခံစစ်မှူး ၂ ဦးတို့ကို လီဗာပူးဘက်က ဆက်လက် ရှာဖွေနေပါတယ်။