

တိုက်စစ်သမား ဒီယက်ဇ်ဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းဖို့အတွက် ခေါင်းညိတ်ထားပြီဖြစ်တယ်လို့ ဂျာမာန်သတင်းတွေက ဆိုပါတယ်။ လီဗာပူးဘက်ကတော့ အခုချိန်ထိ ချိတ်ဆက်မှုတွေကို လက်ခံမယ့် သဘောထား မပြသေးပါဘူး။
လီဗာပူးအသင်းဟာ အီဆက်အတွက်ကော အီကီတီကီအတွက်ပါ ပလန်နှစ်ခုလုံး ပြင်ဆင်ထားပါတယ်။ တချိန်တည်းမှာ နယူးကာဆယ်ဘက်က လက်ခံမယ်ဆိုတာနဲ့ ပေါင် သန်း ၁၂၀ ဝန်းကျင် တန်ကြေးရှိ ကမ်းလှမ်းမှု ပြုလုပ်ပါမယ်။
အီဆက်ကို မရဘူးဆိုရင် အီကီတီကီကို ခေါ်ယူဖို့ လီဗာပူးဘက်က အလေးအနက် ကြိုးစားမှာဖြစ်ပြီး ဒါဟာ နယူးကာဆယ်ကို ဝင်နှောက်ယှက်ဖို့ထက် ကလပ်မှာ လိုနေတဲ့ တိုက်စစ်မှူးနေရာအတွက် ကိုယ်ပိုင်နည်းလမ်းဖြင့် ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။
ဒီနွေမှာ အီဆက်ကို ခေါ်ယူနိုင်မလား အခြေအနေအတွက် ကလပ်အချို့က ကြိုးစားဖူးပြီး အဲ့တုန်းက အီဆက်ဟာ သူသဘောကျရတဲ့ လီဗာပူးအသင်း ကမ်းလှမ်းလာခြင်း မဟုတ်ခြင်းကြောင်း ငြင်းဆန်ခဲ့ပါတယ်။
စပိန်သတင်းထောက်တွေကတော့ လီဗာပူးအသင်းဟာ မက်ဒရစ်ကနေ ထွက်ခွာလာမယ့် တိုက်စစ်သမား ရိုဒရီဂိုကို ခေါ်ယူရေး ဖြစ်နိုင်မယ့် အခြေအနေတွေကို လေ့လာနေတယ်လို့ ဆိုပါတယ်။
နာပိုလီဟာ ဒါဝင်ကို ခေါ်ယူရေး နောက်ဆုံးခဲ့ပြီဖြစ်ကာ ဥရုဂွေးတိုက်စစ်မှူးဟာ ဒီနွေမှာ အသင်းပြောင်းမယ်ဆိုရင် ဆော်ဒီကလပ်ထံ ရောက်ဖို့ပဲ အခွင့်အရေး များလာခဲ့ပါပြီ။
လီဗာပူးအသင်းဟာ လူးဝစ် ဒီယက်ဇ်နဲ့ ဒါဝင် နူးညက်စ်တို့အတွက် ပေါင် သန်း ၇၀ အထက်တွေရဖို့ မျှော်လင့်ထားတာဖြစ်ပြီး အဆိုပါကြေး မပေးရင်တော့ လက်ခံ ညိနှိုင်းမှာ မဟုတ်ပါဘူး။
ဒီအပတ်မှာပဲ အက်ဆာမှာ အသင်းလိုက် လေ့ကျင့်ရေး ပြုလုပ်ခဲ့တဲ့ လီဗာပူးအသင်းမှာ ဂိုးသမား အယ်လီဆန်ကလွဲလို့ အသင်းသား အားလုံး ကြံ့ခိုင်မှု အပြည့်ဖြင့် ပါဝင်သွားနိုင်ပါတယ်။