အီဆက်၊ အီကီတီကီ၊ ရိုဒရီဂိုတို့ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

အီကီတီကီကို ခေါ်ယူခြင်းဟာ အီဆက်ကို ရောင်းမယ်လို့ ဆိုလိုခြင်း မဟုတ်ဘဲ လီဗာပူးဘက်က ဆွီဒင်တိုက်စစ်မှူးအတွက် စကားပြောလိုကြောင်း အချက်ပေးမှုကို နယူးကာဆယ်ဘက်က ငြင်းဆန်နေဆဲဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေအတွက် သူ့ကို ချိတ်ဆက်လာတာလို့ အီဆက်ဘက်က နားလည်ထားပြီး သူကိုယ်တိုင်ကတော့ အသင်းပြောင်းလိုကြောင်း ဆန္ဒထုတ်ဖော်ခြင်းမျိုးထက်စာရင် လက်ရှိမှာ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။

လီဗာပူးတာဝန်ရှိသူတွေဟာ အီကီတီကီကို ခေါ်ယူရေး အခုမှ ရုတ်တရတ် စကားပြောလာခြင်း မဟုတ်ဘဲ လိုက်လံချိတ်ဆက်မှုတွေ ကြိုတင်လုပ်ဆောင်ထားကာ အီဆက်အတွက် အရေးမသာတာနဲ့ ပြင်သစ်သားအတွက် ညိနှိုင်းမှုဝင်ပါမယ်။

ခိုင်လုံတဲ့ သတင်းတွေအရ လီဗာပူးဟာ အီကီတီကီရဲ့ ကိုယ်စားလှယ်တွေတင် မကဘဲ ဖရန့်ဖတ်အသင်းနဲ့ပါ ဆက်သွယ်မှု စတင်ထားပါပြီ။

အီကီတီကီဘက်ကတော့ လီဗာပူးနဲ့ နယူးကာဆယ်ကြား တစ်သင်းသင်းကို ရွေးရမယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံတွေထံပဲ ဦးစားပေးလိုနေပါတယ်။

လီဗာပူးအသင်းဟာ ရိုဒရီဂိုကို ခေါ်ယူရေး အပြည့်အဝ စိတ်ဝင်စားနေပြီလို့ ဘရာဇီးသတင်းဌာနတွေက ဖော်ပြလာပါတယ်။ ကစားသမားရဲ့အေးဂျင့်နဲ့ စကားပြောဖို့ရာ လီဗာပူးဘက်က ကိုယ်စားလှယ်တွေ စေလွှတ်ထားပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လူးဝစ် ဒီယက်ဇ်အတွက် ၂ ကြိမ်တိုင် ချိတ်ဆက်ခဲ့ပြီး လီဗာပူးဘက်ကလည်း ၂ ကြိမ်လုံး ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်ရဲ့ အလေးအနက် ကြိုးစားမှု စတင်လာချိန်မှာပဲ ဘာစီလိုနာကလည်း ကစားသမားရဲ့ အေးဂျင့်နဲ့ စကားပြောမှု ပြုလုပ်ဖို့ စီစဉ်လာပါတယ်။

လီဗာပူးအသင်း ဒီနွေမှာ တောက်လျှောက်လိုက်နေတဲ့ ဆဲဖိုဒ့်အသင်း တိုက်စစ်သမားလေး Will Wright ကို အာဆင်နယ်က ပြောင်းရွှေ့ကြေး ပိုပေးပြီး ကြားဖြတ် ကမ်းလှမ်းနေပါတယ်။ လီဗာပူးဘက်ကတော့ စျေးပိုပေးပြီး ခေါ်မှာ မဟုတ်ဘဲ အသင်းရဲ့ စီမံကိန်းတွေကို မယုံကြည်ဘူးဆိုရင် လက်လွတ်မှာပါ။