

ဝါရင့် ကွင်းလယ်လူ ဂျိမ်းမီလ်နာ ထွက်ခွာတော့မှာဖြစ်လို့ လာမယ့်ရာသီ လီဗာပူးအသင်းရဲ့ ခေါင်းဆောင် အုပ်စုဟာ အပြောင်းအလဲ ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
ဂျော်ဒန် ဟန်ဒါဆန်ဟာ စတီဗင်ဂျရတ်နေရာ ဆက်ခံပြီး လီဗာပူး အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခဲ့တာ ၂၀၁၅ ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးကို ဟန်ဒါဆန် ဦးဆောင်နေပေမယ့် အဝတ်လဲခန်းကို သူတစ်ဦးတည်း ထိန်းချုပ်ပေးနေတာ မဟုတ်ဘဲ အသင်းခေါင်းဆောင် အစုအဖွဲ့က ဦးဆောင်ပေးနေတာ ဖြစ်ပါတယ်။
၂၀၁၈ မှာတော့ ကလော့ပ်ဟာ အဝတ်လဲခန်းတွင်း အသင်းသားတွေ မဲပေးမှုနဲ့ ဗန်ဒိုက်ကို တတိယ အသင်းခေါင်းဆောင်အဖြစ် ကြေညာခဲ့ပါတယ်။ ၂၀၂၁ မှာ ဝိုက်နယ်ဒမ် ထွက်ခွာသွားတဲ့နောက် လီဗာပူး ခေါင်းဆောင်အဖွဲ့က အပြောင်းအလဲ ထပ်မံ ဖြစ်ပေါ်လာခဲ့ပါတယ်။
နှစ်တိုင်း မဲပေးမှုနဲ့အတူ ဟန်ဒါဆန်နဲ့ မီလ်နာတို့ကို ကူညီပေးမယ့် ခေါင်းဆောင်တွေကို ရွေးချယ်လာခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ မတိုင်ခင် အဝတ်လဲခန်း ဆုံးဖြတ်ချက်အရ ထရန့်၊ ရော်ဘတ်ဆန်နဲ့ အယ်လီဆန်တို့ ဒီအုပ်စုထဲ ဝင်လာခဲ့ပါတယ်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ လီဗာပူး ခေါင်းဆောင်အဖွဲ့
- ဂျော်ဒန် ဟန်ဒါဆန် (ကပ္ပတိန်)
- ဂျိမ်းစ်မီနာ (ဒုတိယ ကပ္ပတိန်)
- ဗာဂျယ် ဗန်ဒိုက် (တတိယ ကပ္ပတိန်)
- ထရန့် အလက်ဇန္ဒား-အာနိုး (ခေါင်းဆောင်အဖွဲ့ဝင်)
- အန်ဒီ ရော်ဘတ်ဆန် (ခေါင်းဆောင်အဖွဲ့ဝင်)
- အယ်လစ်ဆန် (ခေါင်းဆောင်အဖွဲ့ဝင်)။
မီလ်နာ မရှိတော့သလို လာမယ့်ရာသီမှာ ဟန်ဒါဆန် ကိုယ်တိုင်ကလည်း ပုံမှန် ပွဲထွက်ခွင့်ရဖို့ မသေချာတော့ခြင်းနဲ့အတူ လက်ထောက် အသင်းခေါင်းဆောင် အသစ်ဟာ ပွဲစဉ်အများစုမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ပွဲတွေကို ထိန်းကျောင်းပေးရမယ်သူ ဖြစ်လာမယ်လို့ သုံးသပ်ခံလာရပါတယ်။
လူမှုကွန်ယက်တွေနဲ့ လီဗာပူးဖန်ဆိုဒ်တွေမှာတော့ ဗန်ဒိုက်ဟာ လက်ထောက် အသင်းခေါင်းဆောင် တာဝန်ကို တိုးမြှင့် ရသွားမယ်လို့ သမာရိုးကျ တွက်ဆမှုတွေ ရှိပါတယ်။
ဒါပေမယ့် ဒီရာသီ ခံစစ်မှူးရဲ့ ရုန်းကန်ရမှုတွေကြောင့်ကော လီဗာပူးအဝတ်လဲခန်းမှာ အယ်လီဆန်ရဲ့ ဩဇာ ကြီးမားလာမှုအရ ဘရာဇီး ဂိုးသမားက လက်ထောက် အသင်းခေါင်းဆောင် အဖြစ် မဲပေးခံရမယ်လို့ မှန်းဆမှုတွေ ရှိပါတယ်။
ဒါ့အပြင် ကလော့ပ်ရဲ့ လူစာရင်းမှာ ပုံမှန် ပွဲထွက်ခွင့်ရတဲ့ ရိုဘိုကလည်း လက်ထောက် အသင်းခေါင်းဆောင် နေရာအတွက် လူကြိုက်များခံရနိုင်ပါတယ်။
လာမယ့်ရာသီမှာတော့ မိုဆာလာဟာ လီဗာပူး ခေါင်းဆောင်အဖွဲ့ထဲ ပြန်ပါလာဖွယ်ရှိပြီး စီနီယာတွေဟာ လူသစ်တွေနဲ့ ဂျုံး၊ ဟာဗေး၊ ဘာ့ဆဲတစ်၊ ရမ်ဆေး အစရှိတဲ့ ကြယ်ပွင့်တွေကို ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။
လာမယ့်ရာသီ ဖြစ်လာဖွယ်ရှိတဲ့ လီဗာပူး ခေါင်းဆောင်စာရင်း
ဟန်ဒါဆန် (အသင်းခေါင်းဆောင်)၊ ဗန်ဒိုက် (လက်ထောက်အသင်းခေါင်းဆောင်)၊ အယ်လီဆန် (တတိယခေါင်းဆောင်)၊ ရော်ဘတ်ဆန် (ခေါင်းဆောင်အဖွဲ့ဝင်)၊ ဆာလာ (ခေါင်းဆောင်အဖွဲ့ဝင်)၊ ထရန့် (ခေါင်းဆောင်အဖွဲ့ဝင်)။