

လူးဝစ် ဒီယက်ဇ်ဘက်က လီဗာပူးအသင်းအနေနဲ့ သူ့ကို သက်တမ်းမတိုးမှာ သေချာခဲ့ပြီဆိုရင် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံပေးဖို့ တောင်းဆိုမှုလုပ်ထားပါတယ်။
ဒါလေးကို နှိပ်ပြီး လီဗာပူးဘက်က လူးဝစ်ဒီယက်ဇ်ကို ဘာကြောင့် သက်တမ်းမတိုးသလဲ? ရှင်းပြမှုအကျယ်ကို ဖတ်ရှုနိုင်ပါတယ်။
ဟူဂို အီကီတီကီဟာ လီဗာပူးအသင်းနဲ့ ဆေးစစ်မှုဆိုင်ရာ ကိစ္စတွေကို အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ လန်ဒန်ကတစ်ဆင့် အာရှကို ထွက်ခွာပြီး လီဗာပူးအသင်းနဲ့ ပူးပေါင်းမှာပါ။
ဒီယက်ဇ်ကို ရောင်းချခဲ့မယ်ဆိုရင် လီဗာပူးအသင်းဟာ ဘယ်တောင်ပံနေရာကို တိုက်ရိုက် အစားထိုးမှုလုပ်မယ် သေချာကြီး အာမခံချက်မရှိပါဘူး။ အာနယ်ဆလော့တို့ဟာ ဒီယက်ဇ်ကို အထောင်တိုက်စစ်သမားအဖြစ်ပဲ မှတ်ယူထားတာဖြစ်ပါတယ်။
သို့ပေမယ့်လို့ ဘရာဇီးတိုက်စစ်သမား ရိုဒရီဂိုနဲ့ လီဗာပူးတာဝန်ရှိသူတွေကြား စကားပြောမှု ရှိနေတယ်လို့ အင်္ဂလန်ပြင်ပ သတင်းထောက်တွေက ဆိုပါတယ်။
အာဆင်နယ်ဆလော့က အသင်းရဲ့ပွဲထွက်ကစားသမား နေရာတိုင်းမှာ အနည်းဆုံး ကစားသမား ၂ ဦး ထားရှိပေးဖို့ အသင်းကို တောင်းဆိုထားပါတယ်။ ဒါကြောင့် ဗဟိုခံစစ်အတွက် အားဖြည့်မှုကတော့ ထပ်လာဦးမှာဖြစ်ပါတယ်။
လက်ရှိ ရာသီကြိုမှာ လီဗာပူးအသင်းရဲ့ အမြန်ဆုံး ကစားသမားကတော့ လူသစ်လေး ဖရန်းပေါင်ပဲဖြစ်တယ်လို့ ဂက်ပိုက ထုတ်ပြောပါတယ်။
မိုဆာလာဟာ ရာသီကြိုမှာတော့ လူငယ်တွေနဲ့ လိုက်လံ ပြိုင်ဆိုင်နေတာထက်စာရင် ပိုမိုရင့်ကျက်တဲ့ စီနီယာတစ်ဦးအဖြစ် အသင်းဖော်တွေကော လူသစ်တွေကိုပါ စောင့်ရှောက်မှုတွေကို လုပ်ပေးနေပါတယ်။
မာကာဟာ တစ်ဦးချင်း လေ့ကျင့်ရေးတွေကိုပဲ ပိုမို ပြုလုပ်နေရပြီး သူ့ရဲ့ ကြံ့ခိုင်မှု အကောင်းဆုံး ပြန်ဖြစ်လာဖို့ အားထုတ်နေဆဲပါ။
ဂျေဒန်ဒန့်စ့်ဟာ ကနဦးက ရာသီကြို လူစာရင်းမှာ ပါဝင်ပေမယ့် ဟောင်ကောင်ခရီးစဉ်ကို လိုက်ပါခွင့်မရပါဘူး။ အီကီတီကီ ရောက်လာခြင်းကြောင့် လူငယ်လေးကို အက်ဆာမှာပဲ ကြံ့ခိုင်မှုပိုင်း တည်ဆောက်ရေး ချန်လှပ်ခြင်းဟာ ပိုကောင်းမယ်လို့ အသင်းဘက်က ယူဆခဲ့ပါတယ်။
နယူးကာဆယ်နည်းပြ အတ်ဒီဟောင်က အီဆက်ကို လာမယ့်ရာသီ အသင်းမှာ ဆက်ထိန်းထားနိုင်မယ် အာမမခံနိုင်ဘူးလို့ ပြောပါတယ်။ အီဆက်ဟာ လီဗာပူးနဲ့ ဆော်ဒီအသင်းတွေထံ ပြောင်းနိုင်ချေ ရှိနေဆဲဖြစ်ပါတယ်။