

ပြင်သစ်သား ဟူဂို အီကီတီကီကို ကစားသမားသစ်အဖြစ် လီဗာပူးအသင်းက ကြေညာပါတယ်။ ဟူဂိုဟာ ဟောင်ကောင်ခရီးစဉ်ကို တိုက်ရိုက် ထွက်ခွာသွားကာ အသင်းဖော်တွေနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။
အီကီတီကီကို ပေါင် ၇၉ သန်းဖြင့် ခေါ်ယူခဲ့ပေမယ့် အီဆက်အပေါ် လီဗာပူးအသင်းရဲ့ စိတ်ဝင်စားမှု မပြီးဆုံးသေးပါဘူး။
အာနယ် ဆလော့ဟာ နံပါတ် ၉ သမားအဖြစ် ပေါက်ကွဲကစားနိုင်သလို လိုအပ်မယ်ဆိုရင် အနောက်ထိ ဆင်းပြီး ဘောလုံးဆယ်ပေးနိုင်မယ့် ကစားသမားမျိုးကို အလိုရှိခဲ့ကာ အီကီတီကီရဲ့ အရည်အချင်းက သူလိုချင်တာနဲ့ ထပ်တူကျမယ်လို့ ယုံကြည်ထားပါတယ်။
၂၀၂၅ နွေစျေးကွက်မှာ လီဗာပူးအသင်းရဲ့ အသုံးစရိတ်ဟာ ပေါင် သန်း ၃၀၀ ထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
နွေစျေးကွက်အတွင်း လီဗာပူးအသင်းဟာ အနည်းဆုံး ကစားသမား ၂ ဦး ထပ်ခေါ်ဦးမယ်လို့ သုံးသပ်ခံရပြီး ခံစစ်မှူးသစ် ၁ ဦးနဲ့ လူငယ်ကစားသမား ၁ ဦးတို့ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီယက်ဇ် ထွက်ခွာနိုင်တဲ့ အခြေအနေအတွက် ကြိုတင် စီမံမှု စတင်လုပ်ဆောင်နေပြီး စျေးကွက်ထဲကနေ ကစားသမားအချို့ကို ဆက်လက် စောင့်ကြည့်နေပါတယ်။
တောင်ပံအတွက် လီဗာပူးအသင်း ပစ်မှတ်ထဲမှာတော့ လိုင်ယွန်အသင်းမှ ဖိုဖာနာလည်း အပါအဝင်ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ကိုနတေးအတွက် ကမ်းလှမ်းမှု မလုပ်ပါဘူး။ ကစားသမားဘက်က အသင်းပြောင်းလိုရိပ် မပြဘဲ စာချုပ်သစ်အတွက် လီဗာပူးနဲ့ ဆွေးနွေးမှာကြောင့်ပဲ ဖြစ်ပါတယ်။
ပဲလေစ့်ခံစစ်မှူး ဂူဟီကို ခေါ်ယူရေး လီဗာပူးဘက်က အဆင်သင့်ပြင်ဆင်နေပြီး ပဲလေစ့်ဘက်က လမ်းဖွင့်ပေးလာမှာကို စောင့်ဆိုင်းနေပါတယ်။