တိုက်စစ်မှူးသစ် ခေါ်ယူဖို့ အချက်ပေးလာတဲ့ ဗန်ဒိုက်၊ အာနယ် ဆလော့နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးပရိသတ်တွေက နိုင်ငံတော်သီချင်းကို ဘူးလုပ်ခဲ့ကြပြီး ပဲလေစ့်ပရိသတ်တွက ဂျိုတာအတွက် ၁ မိနစ် ငြိမ်သက်ခြင်းကို တုန့်ပြန် ဘူးလုပ်ခဲ့ကြပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ကတော့ အသင်းဟာ အဓိက တိုက်စစ်သမားတွေကို ဆုံးရှုံးထားရပြီး လူသစ်တွေဖြည့်တင်းနေပေမယ့် တိုက်စစ်ပိုင်းကို ထပ်မံ ချဲ့ထွင်းဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

ပဲလေစ့်ပွဲမှာ လူသစ် ၄ ဦးထိ ထုတ်သုံးခဲ့ကာ အသင်းဟာ ခံစစ်၊ တိုက်စစ် ဟန်ချက်ညီမှု ရှာဖွေနိုင်ဖို့ လိုအပ်နေသေးတယ်လို့ နည်းပြအာနယ် ဆလော့က ဆိုပါတယ်။

အက်ကီတီကေ၊ ဗစ်တို့ကို မိနစ် ၉၀ အပြည့် မသုံးခြင်းဟာ ဘုန်းမောက်ပွဲအတွက် အသင်းရဲ့ တိုက်စစ်မှာ ရွေးချယ်စရာ နည်းနေတာမို့ ပြင်းပြင်းထန်ထန်ကြီး မကစားစေခြင်းဖြစ်ပါတယ်။

ဝင်ဘာလေမှာ ထပ်ရှုံးခဲ့ပေမယ့် အက်ကီတီကေ၊ ဗစ်တို့ရဲ့ ခြေစွမ်းဟာ ညကပွဲအတွင်း လီဗာပူးရဲ့ အကောင်းဆုံးအသင်းသားတွေအဖြစ် ချီးကျူးခံရပါတယ်။

ကွန်မြူနတီဒိုင်းပွဲအပြီး နည်းပြနဲ့ အသင်းခေါင်းဆောင်ရဲ့ ပြောဆိုမှုတွေက တိုက်စစ်မှူးသစ် ခေါ်ယူရေး လှုပ်ရှားမှုတွေရှိနေကြောင်း အချက်ပြမှုတွေဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲ မစတင်ခင်မှာ လီဗာပူးအသင်းက နယူးကာဆယ်တိုက်စစ်မှူး အီဆက်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်ဖွယ် ရှိနေပါတယ်။

ကွန်မြူနတီဒိုင်း အနိုင်ရတဲ့အသင်းက အမှတ်ပေးချန်ပီယံဖြစ်ခဲ့တာဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က နောက်ဆုံးပဲဖြစ်ပါတယ်။

တိုက်စစ်မှူးဒါဝင် နူးညက်စ်ဟာ လီဗာပူးကနေ ထွက်ခွာရခြင်းအတွက် အတော်လေး စိတ်မကောင်းဖြစ်နေပြီး နှုတ်ဆက်ဗီဒီယိုတစ်ခုကိုလည်း သူ့ရဲ့အကောင့်ကနေ တင်သွားခဲ့ပါတယ်။

ပဲလေစ့်ပွဲမှာ ကာကက်ဇ်၊ ဂက်ပို၊ ဗန်ဒိုက်တို့ရဲ့ ဘယ်ခြမ်းတွဲဖက်မှုတွေဟာ လိုအပ်ချက်များလှပြီး ဗန်ဒိုက်ရဲ့ တစ်ဦးချင်း အမှားတွေက ထောက်ပြစရာဖြစ်လာပါတယ်။

ဘယ်အစွန်လူ ကိုစတက်ကို ရောင်းချဖို့ လီဗာပူးဘက်က စကားပြောနေပြီး တစ်သင်းတည်းမနည်းက ဂရိခံစစ်သမားကို အလိုရှိနေပါတယ်။