

နယူးကာဆယ်အသင်းနဲ့ ထိပ်တိုက်တွေ့နေတဲ့ အီဆက်ဟာ လေ့ကျင့်ရေးကွင်းထံ သွားရောက်တဲ့ ဗီဒီယိုဖိုင်တွေ တက်လာနေပါတယ်။
နယူးကာဆယ်အသင်းရဲ့ ဘရန့်ဖိုဒ့်တိုက်စစ်သမား ဝီဆာအတွက် ကမ်းလှမ်းမှု ပယ်ချခံရခြင်းနဲ့အတူ အီဆက်ရဲ့ အပြောင်းအရွှေ့ဟာ တားမြစ်ခံနေရဆဲဖြစ်ပါတယ်။
စျေးကွက်မပိတ်ခင်မှာ လီဗာပူးအသင်းဟာ အီဆက်အတွက် နယူးကာဆယ်အသင်းအား ပေါင် သန်း ၁၃၀ ဝန်းကျင် ကမ်းလှမ်းမှုပေးမှာဖြစ်တယ်လို့ အသံထွက်နေပါတယ်။
လိုက်ဇစ်ဟာ ဟာဗေးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ယူထားပြီဖြစ်ကာ ဇာဗီဆိုင်မွန်ရဲ့ အပြောင်းအရွှေ့ ပြီးမြောက်ခဲ့ရင် ဟာဗေးအတွက် လီဗာပူးအသင်းထံ တရားဝင် ကမ်းလှမ်းမှု ပေးဖွယ်ရှိပါတယ်။
တိုက်စစ်မှူးဆာလာကတော့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ ရေပန်းစား အသင်းစာရင်းထဲ အာဆင်နယ်ကိုလည်း ထည့်သွင်းလိုက်ပါတယ်။
လီဗာပူး၊ ပဲလေစ့်နဲ့ ဂူဟီကြားမှာ အပြောင်းအရွှေ့ကိစ္စ စကားပြောဆိုမှုရှိနေဆဲဖြစ်ကာ နွေစျေးကွက်မကုန်ခင် ကိစ္စတွေ ထူးခြားနိုင်နေဆဲဖြစ်ပါတယ်။
ဘယ်အစွန်လူ ကိုစတက်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့အထဲမှာ ပြင်သစ်ကလပ် မာဆေးအသင်းလည်း ပါဝင်နေပါတယ်။
လူးဝစ် ကူးမက်စ် အပါအဝင် လူငယ်ကစားသမားအချို့ကို အငှားချရေးအတွက် လီဗာပူးဘက်က စကားပြောမှုတွေ ပြုလုပ်နေပါတယ်။