

ဟာဗေးဟာ လိုက်ဇစ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရထားပေမယ့် လီဗာပူးဘက်ကတော့ အစားထိုးစရာ ကစားသမား မရခဲ့ရင် လက်လွတ်ပေးဖို့ကို ပြန်စဉ်းစားနိုင်ကြောင်းလည်း အသံထွက်နေပါတယ်။
နယူးကာဆယ်ဟာ အီဆက်ကို ဆက်ဆွဲထားချိန်မှာပဲ တိုက်စစ်ပိုင်းအတွက် အလောသုံးဆယ် လူရှာလို့နေပါတယ်။ လီဗာပူးအသင်းဘက်ကတော့ deadline နေ့ကို စောင့်ပြီး ကမ်းလှမ်းမှု ဝင်ဖို့ ပြင်ဆင်ထားပါတယ်။
နယူးကာဆယ်ပွဲမှာ ညာအစွန်နေရာအတွက် ဂိုးမက်စ်၊ အန်ဒို၊ ဆိုဘိုတို့ထဲက တစ်ဦးကို နေရာပေးမှာဖြစ်ကာ ဆိုဘို ကစားခွင့်ရမယ်လို့ အသံကျယ်နေပါတယ်။
နည်းပြအာနယ် ဆလော့ဟာ ညာခြမ်းအပေါ် မူတည်ပြီး ဘယ်အစွန်မှာ ကာကက်ဇ်အစား ရော်ဘတ်ဆန်ကို ပြန်သုံးတာလည်း ဖြစ်လာနိုင်ပါတယ်။
လိုင်ယွန်ကို အပြီးသတ် ပြောင်းရွှေ့သွားတဲ့ တေလာမော်တန်ရဲ့ ခြေစွမ်းအပေါ် လိုင်ယွန်ပရိသတ်တွေက အတော်လေး သဘောကျနေပါတယ်။
ရိုးမားအသင်းဟာ ဘယ်အစွန်လူ ကိုစတက်ကို အငှားဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသနေပါတယ်။
နယူးကာဆယ်နည်းပြ အတ်ဒီဟောင်ကတော့ ဟူဂို အက်ကီတီကေဟာ ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ တိုက်စစ်သမားဖြစ်ကြောင်း သူ့အသင်းဖော်တွေို့ သတိပေးနေပါတယ်။
လေဗာကူဆင် ခံစစ်မှူး ကွမ်းဆက်ဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ဂိုးသွင်းယူခဲ့အပြီး ဂျိုတာရဲ့ အောင်ပွဲခံပုံကို လိုက်လုပ်ပြီး အသင်းဖော်ဟောင်းကို အောက်မေ့မှု ပြသခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်တွေဟာ ကစားသမားသစ် အီဇီအတွက် သီချင်းတစ်ပုဒ် စပ်ပေးလိုက်ပါပြီ။ အဲ့သီချင်းကတော့ ခီယေဆာအတွက် လီဗာပူးပရိသတ်တွေ စပ်ထားတဲ့ သီချင်းကိုပဲ နာမည်ချိန်းလိုက်ကာ ကူးချထားတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့ လိဒ်ယူနိုက်တက်တို့ပွဲမှာ ဆာကာ၊ အိုဒီဂတ်တို့ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခွာခဲ့ပါတယ်။ နောက်အပတ်မှာတော့ လန်ဒန်ကလပ်ဟာ လီဗာပူးအသင်းနဲ့ လာရောက် ယှဉ်ပြိုင်ရပါမယ်။