

ဒီကနေ့ညမှာတော့ မိုနာကိုမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ မဲခွဲမှု ပြုလုပ်မှာဖြစ်ကာ ယူအီးအက်ဖ်အေဘက်က တိုက်ရိုက်ထုတ်လွင့်ပါမယ်။
ကာရာဘောင်းဖလား တတိယအဆင့်မှာတော့ လီဗာပူးအသင်းက ဆောက်သမ်တန်အသင်းကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရပါမယ်။
ပဲလေစ့်အသင်းဟာ လီဗာပူးကွင်းလယ်လူ ဟာဗေးကို ခေါ်ယူရေး ဆက်လက် ကြိုးစားဖွယ် မရှိဘဲ သီးခြား ပစ်မှတ်တွေကို ဦးတည်နေပါပြီ။
တိုက်စစ်မှူး အီဆက်ဟာ စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်မှာ ဆွီဒင်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနိုင်ပါလိမ့်မယ်။
နယူးကာဆယ်ဘက်ကတော့ လီဗာပူးအသင်းက အီဆက်ကို ခေါ်ယူနိုင်ဖို့ အားထုတ်နေဆဲကာလမှာ တိုက်စစ်အတွက် ဝုဗ်မှ လာဆန်နဲ့ ဘရန့်ဖိုဒ့်မှ ဝီဆာတို့ကို ခေါ်ယူနိုင်ရေး ကြိုးစားနေပါတယ်။
စီးရီးအေကလပ် ရိုးမားအသင်းနဲ့ လီဗာပူးအသင်းကြား ကိုစတက် အပြောင်းအရွှေ့ စကားပြောမှုက အရှိန်မြင့်နေပါပြီ။ ရိုးမားဘက်က အပြီးသတ် ခေါ်ယူခွင့် ထည့်မထည့်ကို စဉ်းစားနေပါတယ်။
လီဗာပူးအသင်းဟာ အာနယ် ဆလော့ရဲ့ နည်းပြအဖွဲ့ထဲကို individual development lead coach အသစ်တစ်ဦး အားဖြည့်ပေးခဲ့ပါပြီ။
မော်တန်နဲ့ မက်ကော်နယ်တို့ ထွက်ခွာတဲ့နောက် လီဗာပူးအသင်းက ကွင်းလယ်လူ ဘာ့ဆဲတစ်ကို အသင်းမှာပဲ ဆက်ထိန်းထားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကွင်းလယ်ခံစစ်သမားဟာ UEFA ပြိုင်ပွဲမှာ homegrown စာရင်းဝင်မှာဖြစ်ပါတယ်။
လီဗာပူးအသင်းက ပဲလေစ့်ဘက်က ခံစစ်ပိုင်း အစားထိုးစရာ ရှာတွေ့ခဲ့ရင် ခံစစ်မှူး ဂူဟီကို ခေါ်ယူဖို့ရာ အဆင်သင့်စောင့်နေပြီး ဖြစ်ပါတယ်။
စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်အတွက် ပြင်သစ်အသင်း လူစာရင်းမှာ တိုက်စစ်မှူး ဟူဂို ချန်လှပ်ခံခဲ့ရပါတယ်။