

ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြီဖြစ်တဲ့ လီဗာပူးအသင်းဟာ အဆိုပါအဆင့်မှာ လေဗာကူဆင်၊ အေစီမီလန်၊ ရိုးမား၊ အတ္တလန်တာ၊ ဘင်ဖီကာ၊ ဝက်စ်ဟမ်း၊ မာဆေးအသင်းတို့ထဲက တစ်သင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။
လီဗာပူးနဲ့ စပါတာပွဲမှာ သွင်းဂိုးတွေနဲ့ တဖတ်သတ်ဆန်တဲ့ ပွဲကို ကြည့်ပြီး စကိုင်းစပေါ့ သုံးသပ်သူက ကြည့်ရတာတောင် ပျင်းလာပြီကွာလို့ ရယ်မောပြီး ထုတ်ပြောခဲ့ပါတယ်။
စပါတာနဲ့ပွဲမှာ ပေါက်ကွဲခဲ့တာက အဝါကတ် ပြခံရလို့ မဟုတ်ဘဲ ဘရတ်ဒလေကို ဒဏ်ရာမရခင် လူစားလဲလိုမှု မအောင်မြင်မှာ စိုးရိမ်လို့ဖြစ်ကြောင်း ကလော့ပ်က ပြောပြပါတယ်။
ဂိုးမက်စ်၊ အန်ဒိုနဲ့ ဒါဝင်တို့ကို လူစားလဲခဲ့တာဟာ ကြိုတင်ကာကွယ်မှုဖြစ်ပြီး ဒဏ်ရာ ပြဿနာ မရှိကြပါဘူး။ ကလက်ကတော့ ခြေကျင်းဝတ်မှာ တစ်ခုခု ခံစားရတာကြောင့် ကနဦး ပလန်ဖြစ်တဲ့ မိုကို လူစားလဲဖို့အစား ကလက်ကို လူစားလဲခဲ့တာပါ။
မိုဆာလာဟာ လီဗာပူးအသင်း သမိုင်းမှာ ပထမဆုံးအဖြစ် ၇ ရာသီဆက် အနည်းဆုံး သွင်းဂိုး ၂၀ နဲ့အထက် သွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။
Mohamed Salah is the first player in Liverpool’s 131-year history to score 20+ goals across all competitions in SEVEN consecutive seasons.
Seven-season wonder of the world. 👑 pic.twitter.com/dNLLF0OwnB
— Squawka (@Squawka) March 14, 2024
လူငယ်ကွင်းလယ်လူ ဘော်ဘီကလက်က သူ့ရဲ့ ပထမဆုံးသော လီဗာပူးသွင်းဂိုးအတွက် အရမ်း ပျော်ရွှင်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
စပါတာနည်းပြကတော့ လီဗာပူးက ယူရိုပါလိဂ်မှာ မဟုတ်ဘဲ ချန်ပီယံလိဂ်မှာ ရှိနေရမယ့် အသင်းအဖြစ် မှတ်ချက်ပေးပါတယ်။
ချက်ကလပ် စပါတာပရိသတ်တွေဟာ လီဗာပူးမြို့ကို ရောက်လာချိန်မှာ အဲဗာတန်ကွင်းကို သွားရောက်ခဲ့ပါသေးတယ်။ သူတို့ကတော့ ဂူဒီဆင်ရှေ့မှာ လီဗာပူးနဲ့ ဆာလာတို့ရဲ့ နာမည်တွေကို အော်ဟစ်ခဲ့ကြပါတယ်။
Sparta fans congregated round Goodison Park today ahead of tonight’s match singing songs about Salah and Liverpool. Maybe they thought it would help them. Not sure why. Everton don’t do Europe. 😂🤦♂️
….then got slotted 6-1
The Everton curse continues 😂😂😂 pic.twitter.com/fn5F1FlBSu
— No Context Everton (@Evershite) March 14, 2024
ဘရတ်ဒလေက ယာဂင်ကလော့ပ်ဟာ သူ့ရဲ့ ပထမဆုံးလီဗာပူးနည်းပြဖြစ်ပြီး ရာသီကုန်ရင် ခွဲရမှာအတွက် စိတ်မကောင်းကြောင်းနဲ့ နည်းပြအတွက် ဖလားအကုန် အောင်မြင်လိုတယ်လို့ ထုတ်ပြောလာပါတယ်။
ဒဏ်ရာ ပြဿနာရှိထားတဲ့ အီဘူးဟာ မတ်လ နိုင်ငံတကာသီတင်းပတ်မှာ ပြင်သစ်အသင်းအတွက် ခေါ်ယူခြင်း ခံထားရပါတယ်။
ဒီအပတ် ယူနိုက်တက်နဲ့ အက်ဖ်အေဖလားပွဲမှာ ၎င်းတို့အသင်း တိုက်စစ်မှူး ဟွိုင်လန်း ပြန်လည် ပါဝင်လာမယ်လို့ သိရပါတယ်။