ချန်ပီယံလိဂ်ကနေ ထွက်ရခြင်း၊ ပီအက်စ်ဂျီဥက္ကဋ္ဌနဲ့ စကားပြောနေတဲ့ ဗန်ဒိုက်၊ ကွင်းတွင်း ဝမ်းနည်းမျက်ရည်ကျခဲ့တဲ့ မိုဆာလာနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

March 12, 2025 LFC2 0

လီဗာပူးအသင်းဟာ ရှုံးသင့်တဲ့ အသင်းမဟုတ်ဘဲ မိနစ် ၁၈၀ အကျော်မှာ ပီအက်စ်ဂျီက ပိုကောင်းတဲ့အသင်းဖြစ်သွားတယ်လို့ နည်းပြ အာနယ် ဆလော့က ဆိုပါတယ်။ အန်ဖီးမှာ ရင်ဆိုင်ကစားရတာဟာ အမြဲတမ်း ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ပေးနိုင်စွမ်းရှိတယ်လို့ ပီအက်စ်ဂျီနည်းပြ အန်ရီကေးက ဆိုပါတယ်။ ဒီနိုင်ပွဲအတွက် သူတို့အသင်းက ပါတီပေးပြီး အောင်ပွဲခံရပါမယ်လို့ […]

ချန်ပီယံလိဂ်ပြိုင်ဘက် ပီအက်စ်ဂျီနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား စကားတစ်ခွန်းဆိုတဲ့ အာနယ် ဆလော့

March 11, 2025 LFC2 0

လီဗာပူးနည်းပြ အာနယ် ဆလော့က ချန်ပီယံလိဂ်ပြိုင်ဘက် ပီအက်စ်ဂျီဟာ ဒီရာသီ အသင်းရင်ဆိုင်ထားသမျှ ပြိုင်ဘက်တွေ အားလုံးထက် သာလွန်နေတဲ့ အသင်းအဖြစ် ချီးကျူးပါတယ်။ ပထမအကျော့မှာ ၁-၀ ရလဒ် ထွက်ထားပေမယ့် ပီအက်စ်ဂျီရဲ့ အရည်အချင်းအရ ဒုတိယအကျော့မှာ ဘယ်လိုရလဒ် ထွက်ပေါ်လာမလဲ မှန်းဆနိုင်ဖို့ ခက်ခဲပါတယ်။ ပီအက်စ်ဂျီဘက်ကလည်း အန်ဖီးမှာ […]

ပီအက်စ်ဂျီ ဒါရိုက်တာနဲ့ ဗန်ဒိုက်တို့ ပါဝင်ခဲ့တဲ့ ဥမင်ထဲက ဒေါသထွက်စွာ အော်ဟစ်ကြမှုဖြစ်ရပ်

March 6, 2025 LFC2 0

ပဲရစ်မှာ ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကိုနတေးက ပြိုင်ဘက်ကစားသမား ဘာကိုလာကို ဘော်ဒီတိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ အနီကတ် ဒါမှမဟုတ် ပင်နယ်တီ ပေးရမှာလို့ ပီအက်စ်ဂျီ အားကစားဒါရိုက်တာက ဒေါသတကြီး ဒိုင်တွေကို စောဒကတက်ပါတယ်။ ကိုနတေးရဲ့ ဖြစ်ရပ်ဟာ ပင်နယ်တီ စည်းအတွင်း ဝင်ရောက်ခဲ့ဟန်တော့ မရှိဘဲ စည်းပြင်မှာ ဖြစ်နေပေမယ့် […]

ပီအက်စ်ဂျီကို ကန်ခွင့်တွေမှာ သာယာသွားအောင် ဖန်တီးခဲ့တဲ့ နည်းဗျူဟာအကြောင်း အာနယ် ဆလော့ ထုတ်ဖော်

March 6, 2025 LFC2 0

လီဗာပူးအသင်းဟာ ပီအက်စ်ဂျီကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ တူတင်ကိုယ်တင် ယှဉ်ကစားရေးထက် ခံစစ်ကို အားပြုပြီး ကောင်တာတွေကနေ တန်ပြန်ထိုးဖောက်ဖို့ ကြိုးစားသွားခဲ့ပါတယ်။ ပွဲအတွင်းမှာ ကစားဟန် အမျိုးမျိုး ချိန်းခဲ့ပေမယ့် အသင်းရဲ့ ဦးတည်ချက်ကတော့ ခံစစ်ကို အားပြုရင်း အခွင့်အရေးရလာခဲ့ရင် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရေး ဖြစ်ခဲ့ပါတယ်။ ဒါဟာ […]

ပဲရစ်မှာ အင်္ဂလိပ်တွေ ဓါးပြတိုက်ခြင်းလို့ ပြင်သစ်တွေဆို၊ ထိပ်သီး ၄ သင်းကို အောင်မြင်ခြင်း၊ တစ်ကျော့ပြန် ချီးကျူးခံလာရတဲ့ ဒါဝင်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

March 6, 2025 LFC2 0

ပြင်သစ်သတင်းဌာနတွေကတော့ ပီအက်စ်ဂျီ ၀-၁ လီဗာပူးပွဲကို အင်္ဂလိပ်စတိုင်ဖြင့် ပဲရစ်မှာ ဓါးပြတိုက်ခံရခြင်းလို့ ခေါင်းကြီးသတင်းတွေဖြင့် နံနက်ခင်း သတင်းစားတွေ ရေးသားလာပါတယ်။ ” ရလဒ်က လုံးဝ မမျှတဘဲ တစ်ကြိမ်တည်းသော ကန်ချက်ကနေ လီဗာပူးက ဂိုးရခဲ့ပေမယ့် ပီအက်စ်ဂျီက ပိုကောင်းတဲ့အသင်းဖြစ်ကြောင်းနဲ့ အန်ဖီးကွင်းမှာ လီဗာပူးကို ကျော်ဖြတ်ပြမယ်” လို့ […]

လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပြိုင်ပွဲတွေကို ဘယ်နေ့မှာ ဘယ်လို မဲခွဲမလဲ

January 30, 2025 LFC2 0

အုပ်စုအဆင့် ပွဲစဉ်တွေ အားလုံး ပြီးစီးခဲ့ပြီဖြစ်တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်တွေကို လာမယ့် ဇန်နဝါရီလ ၃၁ ရက် သောကြာနေ့ မြန်မာစံတော်ချိန် ၅ နာရီခွဲမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ၁၆ သင်းအဆင့် ရှုံးထွက်အဆင့် မစခင်မှာ play-0ff ပွဲစဉ်တွေကို စတင် ယှဉ်ပြိုင်မှာဖြစ်ကာ ထိပ်ဆုံး […]

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပြိုင်ဘက်၊ ဘောကန်မိလို့ ထုတ်ခံရတဲ့ နယ်လို၊ ဘရန့်ဖိုဒ့်ဘက်က ကိုနတေးကို ဖြုံသွားကြခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

January 30, 2025 LFC2 0

လူငယ်ခံစစ်သမား နယ်လိုရဲ့ ဘောလုံးကို ရှင်းထုတ်ရန် ကြိုးစားခြင်းမှာ ပြိုင်ဘက်ကစားသမားရဲ့ ဘောကို ကန်မိတာကြောင့် ပွဲအစ ၄ မိနစ်မှာတင် တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ လီဗာပူးအသင်းက ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ဘာစီလိုနာက သရေကျသွားတာကြောင့် နံပါတ် ၁ အသင်းအဖြစ် ၁၆ သင်းကို […]

အဓိက ကစားသမား ၉ ဦးကို အနားပေးခြင်း၊ ဒါဝင်ကို ခေါ်လိုနေတဲ့ အယ်နာဆာ၊ ပီအက်စ်ဗီပွဲကို ပွဲထွက်လိုတဲ့ ဂက်ပိုနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

January 29, 2025 LFC2 0

ပီအက်စ်ဗီနဲ့ ယှဉ်ပြိုင်ရမယ့် ခရီးအတွက် အဓိက ကစားသမား ၉ ဦးထိ အနားပေးထားပြီး အယ်လီဆန်၊ ဗန်ဒိုက်၊ ဆာလာ၊ ဂရာဗင်ဘက်ချ်၊ ကိုနတေး၊ ထရန့်၊ ဒီယက်ဇ်၊ ဆိုဘိုနဲ့ မာကာတို့ကို ချန်လှပ်ခဲ့ပါတယ်။ လီဗာပူး တာဝန်ရှိသူတွေဟာ ဆာလာတို့နဲ့ ဆက်လက် စကားပြောနေဆဲဖြစ်ပေမယ့် တိုးတက်မှုတွေ နည်းပါးနေပါတယ်။ […]

အသင်းကနေ မထွက်ခွာဘူးလို့ ဟာဗေး ကြေညာ၊ ကမ္ဘာ့အကောင်းဆုံးအသင်းလို့ ပြိုင်ဘက်တွေ ချီးကျူး၊ ကလော့ပ် မှတ်တမ်းရုပ်ရှင် ထုတ်လွှင့်မယ့်ရက် အတည်ပြုခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

January 22, 2025 LFC2 0

လိုင်လီအသင်းကို ၂-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ ထိပ်ဆုံး ၂ သင်းထဲက ၁ သင်းအဖြစ် သေချာခဲ့ပြီဖြစ်ကာ ဘာစီလိုနာကို ၃ မှတ်ဖြတ်ထားပါတယ်။ သွင်းဂိုး ၁ ဂိုး သွင်းယူခဲ့တဲ့ မိုဆာလာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၅၀ […]

လီဗာပူး ပရိသတ်တွေ ပျော်နေရမှာ ရီးရဲလ်မက်ဒရစ်ကို နိုင်သွားတယ် ဆိုတဲ့ အပေါ် မဟုတ်ပါဘူး..

November 28, 2024 LFC2 0

လီဗာပူးပရိသတ်တွေက ပြိုင်ဘက်ကြီးကို အနိုင်ယူနိုင်ခြင်းအတွက် ပျော်ရွှင်နေကြမှာ ဖြစ်ပေမယ့် ရလဒ်ထက် စွမ်းဆောင်ရည်ကို ပိုမိုကျေနပ်ကြရမှာဖြစ်တယ်လို့ နည်းပြ အာနယ် ဆလော့က အသိပေးလာပါတယ်။ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် ရီးရဲလ်မက်ဒရစ်ကို လီဗာပူးတို့ တစ်ကျော့ပြန်နိုင်ခဲ့ရာမှာ ခြေစွမ်းဟာလည်း အဘက်ဘက်က သာလွန်ကောင်းမွန်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းဟာ အာနယ် […]