

လူငယ်ခံစစ်သမား နယ်လိုရဲ့ ဘောလုံးကို ရှင်းထုတ်ရန် ကြိုးစားခြင်းမှာ ပြိုင်ဘက်ကစားသမားရဲ့ ဘောကို ကန်မိတာကြောင့် ပွဲအစ ၄ မိနစ်မှာတင် တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။
လီဗာပူးအသင်းက ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ဘာစီလိုနာက သရေကျသွားတာကြောင့် နံပါတ် ၁ အသင်းအဖြစ် ၁၆ သင်းကို တက်ရောက်ပါတယ်။
လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာတော့ မိုနာကို၊ ပီအက်စ်ဂျီ၊ ဘင်ဖီကာနဲ့ ဘရက်စ်တို့ထဲက တစ်သင်းနဲ့ ထိပ်တိုက်တွေ့ပါမယ်။
နည်းပြ အာနယ် ဆလော့က လူငယ် ကွင်းလယ်လူ မက်ကော်နယ်ရဲ့ ခြေစွမ်းကို သဘောကျခြင်းကို အငှားချတော့မှာ မဟုတ်ပါဘူး။
လီဗာပူးဟာ ကမ္ဘာ့ထိပ်တန်း ကလပ်တစ်သင်းဖြစ်ပြီး ဒီအသင်းမှာ ကစားနေရတာကို ပျော်ရွှင်တယ်လို့ ခီယေဆာက ပြောပါတယ်။
လီဗာပူးကို ၂-၀ နဲ့ ရှုံးတဲ့ပွဲအတွက် ဘရန့်ဖိုဒ့် analysis အသင်းက ပွဲကို စိစစ်မှု ပြန်လည်လုပ်ဆောင်ရာမှာ ဗန်ဒိုက်၊ ထရန်တို့ ကောင်းပေမယ့် ကိုနတေးကြီး အဲ့လောက်ထိ ကောင်းမယ်လို့ မထင်ခဲ့ကြဘူးလို့ အထူး ချီးကျူးခဲ့ကြပါတယ်။
This is absolutely brilliant.
Brentford analysis after our 2-0 win.Look how highly they speak of our centre backs especially Konate.
Thomas Frank: “Wow what a level. They are good. But I don't think I ever seen them that good" pic.twitter.com/AfeEjbdxc8
— Anything Liverpool (@AnythingLFC_) January 29, 2025
လီဗာပူးအသင်းက နွေမှာ ခေါ်ယူမှုကြီးတွေ ရှိလာလိမ့်မယ်လို့ နည်းပြ အာနယ် ဆလော့က ထုတ်ပြောလာပါတယ်။
ဒါဝင်ကို ခေါ်ယူနိုင်ရေး မသေချာတဲ့နောက် အယ်နာဆာအသင်းက အက်စတွန်ဗီလာ တိုက်စစ်မှူး ဒူးရမ်ကို ပြောင်းလဲ ချိန်ရွယ်နေပါတယ်။ ကိုလံဘီယာသားအတွက် ဗီလာဘက်ကတော့ ယူရို သန်း ၉၀ ထိ ရလိုနေပါတယ်။
မန်စီးတီးဟာ play-off မှာတော့ ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ တူညီတဲ့အပတ်မှာပဲ လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရပါမယ်။