

ပဲရစ်မှာ ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကိုနတေးက ပြိုင်ဘက်ကစားသမား ဘာကိုလာကို ဘော်ဒီတိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ အနီကတ် ဒါမှမဟုတ် ပင်နယ်တီ ပေးရမှာလို့ ပီအက်စ်ဂျီ အားကစားဒါရိုက်တာက ဒေါသတကြီး ဒိုင်တွေကို စောဒကတက်ပါတယ်။
ကိုနတေးရဲ့ ဖြစ်ရပ်ဟာ ပင်နယ်တီ စည်းအတွင်း ဝင်ရောက်ခဲ့ဟန်တော့ မရှိဘဲ စည်းပြင်မှာ ဖြစ်နေပေမယ့် ဘာကိုလာက အရပ် နိမ့်နေခဲ့တာကြောင့် ဘော်ဒီယှဉ်တိုက်တဲ့ ပုံစံအရ ဂိုးရနိုင်ချေကို ဟန့်တားမှုအဖြစ် ပြစ်ဒဏ်ပေးဖို့ ဖိအားပေးခံရချိန် ကွင်းလယ်ဒိုင်ကော Var ဒိုင်ကပါ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းအတွင်း အဝတ်လဲခန်းထဲကို နှစ်သင်း ကစားသမားတွေ ဝင်ရောက်ကြချိန် ပီအက်စ်ဂျီ ဒါရိုက်တာက ဒိုင်လူကြီးတွေကို လိုက်လံ ဖိအားပေးပြီး ဒေါသတကြီး ပြောဆိုနေတာပါ။ ဘေးနားမှာ ရှိနေတဲ့ ဗန်ဒိုက်ကလည်း ဖောင်းတောင် မဖြစ်ခဲ့ဘူးလို့ ပြန်ချေပခဲ့ပါတယ်။
CANAL+ ရဲ့ ဖော်ပြချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်..
Man, I wish United had someone like Luis Campos running things.
He totally lost it with the ref in the tunnel over that red card!
📹 Canal+ Sports pic.twitter.com/19keIIHQFx
— 𝗔𝗺𝗮𝗱𝗶𝗻𝗵𝗼 (@Amad16FC) March 6, 2025
လူးဝစ် ကမ်ပိုစ့် “ အဲ့ဒါ အနီကတ် ဒါမှမဟုတ် ပင်နယ်တီ ပေးရမှာ။ ”
ဗန်ဒိုက် “ လုပ်စမ်းပါ ဘဲကြီးရာ.. အဲ့ဒါက ဖောင်းတောင် မဟုတ်ပါဘူး။ ဖောင်းတောင် မဖြစ်ခဲ့တာကြီးပါ။ ”
ဒေါသသံဖြင့် ကမ်ပိုစ့် “အဲ့ဒါ အနီကတ် ဒါမှမဟုတ် ပင်နယ်တီ ပေးရမှာကွ။ အနီကတ်နဲ့ ပင်နယ်တီ ဖြစ်ရမှာ။
ပိုမို လေသံမြင့်စွာဖြင့် “ ဘယ်ပွဲမှာမဆို ဒီဖြစ်ရပ်က ပင်နယ်တီ ဒါမှမဟုတ် အနီကတ်ပဲကွ။ ” လို့ အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြ အာနယ် ဆလော့ကတော့ “ ဒိုင်လူကြီးက ကိုနတေးကို ကတ်မပြခဲ့သလို VAR ကလည်း ဒိုင်လူကြီး မှားတယ် မထင်ခဲ့ပါဘူး။
ကိုနတေး လုံးလုံးကြီး မှားနေတာ မဟုတ်တာကြောင့် ကတ်မပြခဲ့တဲ့ အဲ့ဖြစ်ရပ်ဟာ ကျနော်တို့ကို အသာရစေတဲ့ ဆုံးဖြတ်ချက်လို့ ပြောမှာ မဟုတ်ဘူး။ ပွဲအတွင်း ဆုံးဖြတ်ချက်ကြီးတော့ ဟုတ်ခဲ့ပါတယ် ” လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။