

ပြင်သစ်သတင်းဌာနတွေကတော့ ပီအက်စ်ဂျီ ၀-၁ လီဗာပူးပွဲကို အင်္ဂလိပ်စတိုင်ဖြင့် ပဲရစ်မှာ ဓါးပြတိုက်ခံရခြင်းလို့ ခေါင်းကြီးသတင်းတွေဖြင့် နံနက်ခင်း သတင်းစားတွေ ရေးသားလာပါတယ်။
” ရလဒ်က လုံးဝ မမျှတဘဲ တစ်ကြိမ်တည်းသော ကန်ချက်ကနေ လီဗာပူးက ဂိုးရခဲ့ပေမယ့် ပီအက်စ်ဂျီက ပိုကောင်းတဲ့အသင်းဖြစ်ကြောင်းနဲ့ အန်ဖီးကွင်းမှာ လီဗာပူးကို ကျော်ဖြတ်ပြမယ်” လို့ နည်းပြ အင်းနရစ်က သတိပေးလိုက်ပါတယ်။
ပီအက်စ်ဂျီက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ကြောင်းနဲ့ အသင်းဟာ ထိုက်တန်တဲ့ ရလဒ်ထက် ပိုတဲ့ ရလဒ်တစ်ခုကို ယူနိုင်ခဲ့တာမို့ ကံကောင်းခဲ့တာပါလို့ နည်းပြ အာနယ် ဆလော့က ဝန်ခံပါတယ်။
ပီအက်စ်ဂျီကို အနိုင်ရတဲ့ပွဲဟာ ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး အမှတ် လုယူမှုတွေထဲက တစ်ပွဲအဖြစ် ပါဝင်သွားလိမ့်မယ်လို့ ကာရေဂါက မှတ်ချက်ပေးပါတယ်။
အာနယ် ဆလော့က သူ့ရဲ့ နည်းပြဘဝမှာ အယ်လီဆန်လို ထိပ်ဆုံးဆိုတဲ့ လယ်ဗယ်မှာ ရောက်နေတဲ့ ဂိုးသမားမျိုး လုံးဝ အလုပ်တွဲအလုပ်ဖူးကြောင်းနဲ့ ကမ္ဘာအဆင့် ဂိုးသမားလို့ ချီးကျူးပါတယ်။
ဒီရာသီမှာ အနိမ့်အမြင့် အတက်အကျတွေ အများကြီး ဖြစ်ခဲ့ပေမယ့် ဒါဝင် နူးညက်စ်ဟာ လီဗာပူးအသင်းကို နောက်ထပ် တစ်ကြိမ် ကူညီနိုင်ခဲ့ခြင်းအတွက် ချီးကျူးခံလာရပြန်ပါပြီ။
ပီအက်စ်ဂျီပွဲမှာလည်း ထပ်မံ ပြသခဲ့ပြန်တဲ့နောက် အန်ဒို ဝင်လာပြီဆိုရင် လီဗာပူးက ရလဒ်ကို သိမ်းနိုင်ပြီဖြစ်ကြောင်း အသင်းပရိသတ်တွေကြား ယုံကြည်မှု ပိုမို အားကောင်းလို့လာနေပါတယ်။
အဝတ်လဲခန်းထဲကို ပြန်ဝင်ချိန်မှာ ပီအက်စ်ဂျီ အကြီးအကဲ luis campos က ဒိုင်လူကြီးတွေကို ကိုနတေး ဖြစ်ရပ်ဟာ ပင်နယ်တီ မဟုတ်ရင် အနီကတ် ပေးရမှာလို့ ဒေါသတကြီး လိုက်လံ စောဒက တက်ခဲ့ပါတယ်။
ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၁-၀ ဖြင့် အနိုင်ရခဲ့တဲ့နောက် နည်းပြအာနယ် ဆလော့ရဲ့ ဒီရာသီ လီဗာပူးအသင်းဟာ ဂျာမနီချန်ပီယံ လေဗာကူဆင်၊ လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်၊ အင်္ဂလန်ချန်ပီယံ မန်စီးတီးတို့အပြင် ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီကိုပါ ပေးဂိုးလုံးဝ မရှိပါဘဲ အနိုင်ယူခဲ့ပါပြီ။
နယူးကာဆယ် ခံစစ်မှူး ဘော့မန်းဟာ ဒူးဒဏ်ရာကြောင့် ကာရာဘောင်းဖလား ဖိုင်နယ်ပွဲကို လွဲချော်သွားမှာဖြစ်ပါတယ်။