

အုပ်စုအဆင့် ပွဲစဉ်တွေ အားလုံး ပြီးစီးခဲ့ပြီဖြစ်တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်တွေကို လာမယ့် ဇန်နဝါရီလ ၃၁ ရက် သောကြာနေ့ မြန်မာစံတော်ချိန် ၅ နာရီခွဲမှာ ပြုလုပ်မှာဖြစ်ပါတယ်။
၁၆ သင်းအဆင့် ရှုံးထွက်အဆင့် မစခင်မှာ play-0ff ပွဲစဉ်တွေကို စတင် ယှဉ်ပြိုင်မှာဖြစ်ကာ ထိပ်ဆုံး ၈ သင်းနဲ့အတူ တက်ရောက်လာတဲ့ လီဗာပူးအသင်း ပါဝင်ဦးမှာ မဟုတ်ပါဘူး။
လီဗာပူးအသင်းဟာ ပီအက်စ်ဂျီ၊ ဘင်ဖီကာ၊ ဘရက်၊ မိုနာကိုတို့ ၄ သင်းထဲက ၁ သင်းနဲ့ ရှုံးထွက်မှာ တွေ့ဆုံရမှာဖြစ်ကာ အဆိုပါအသင်းတွေထဲ အားအကောင်းဆုံးကတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းပဲ ဖြစ်ပါတယ်။
သောကြာနေ့ မဲခွဲအပြီးမှာ လီဗာပူးအသင်းရဲ့ ပြိုင်ဘက်အသင်းနဲ့ နောက်အဆင့်တွေမှာ တွေ့ရမယ့် ပြိုင်ဘက်တွေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ သေချာတာ တစ်ခုက ဘာစီလိုနာအသင်းနဲ့တော့ ဖိုင်နယ် မတိုင်ခင်ထိ ထိပ်တိုက်တွေ့မယ့် လမ်းကြောင်း မရှိတာဖြစ်ပါတယ်။
စိတ်ဝင်စားစရာ တစ်ခုကတော့ play-off ပွဲစဉ်တွေမှာ နိုင်ငံတူအသင်းတွေ ထိပ်တိုက်တွေ့ခွင့်ရှိသလို အုပ်စုအဆင့်မှာ တွေ့ထားပြီး ပြိုင်ဘက်တွေလည်း ထိပ်တိုက်ပြန်တွေ့နိုင်ပါတယ်။
၁၆ သင်းအဆင့် ပြိုင်ပွဲတွေကို မတ်လ ပထမအပတ်နဲ့ ဒုတိယအပတ်တွေမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ကာ ဖိုင်နယ်ဟာ မြူနစ်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။