

ပီအက်စ်ဗီနဲ့ ယှဉ်ပြိုင်ရမယ့် ခရီးအတွက် အဓိက ကစားသမား ၉ ဦးထိ အနားပေးထားပြီး အယ်လီဆန်၊ ဗန်ဒိုက်၊ ဆာလာ၊ ဂရာဗင်ဘက်ချ်၊ ကိုနတေး၊ ထရန့်၊ ဒီယက်ဇ်၊ ဆိုဘိုနဲ့ မာကာတို့ကို ချန်လှပ်ခဲ့ပါတယ်။
လီဗာပူး တာဝန်ရှိသူတွေဟာ ဆာလာတို့နဲ့ ဆက်လက် စကားပြောနေဆဲဖြစ်ပေမယ့် တိုးတက်မှုတွေ နည်းပါးနေပါတယ်။
ဆော်ဒီကလပ် Al-Nassr အသင်းဟာ ဇန်နဝါရီမှာတင် ဒါဝင်ကို ခေါ်ယူလိုကြောင်း ပြသလာပေမယ့် လီဗာပူးဘက်ကတော့ ရာသီကုန်ထိ ဆက်ထိန်းသွားဖို့ ဆုံးဖြတ်ထားပါတယ်။
ဒီနွေဟာ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးကို ရောင်းချဖို့ရာ စျေးကွက်ကောင်းတစ်ခု ဖြစ်လာဖို့ရှိပြီး လီဗာပူးဘက်က သဘောထားကို စောင့်ကြည့်ရမှာပါ။
အသင်းဟောင်း ပီအက်စ်ဗီအသင်းကို ပြန်လည် ရင်ဆိုင်ရမယ့်ပွဲမှာ သူ ပွဲထွက်လိုကြောင်း နည်းပြအာနယ် ဆလော့ကို အသိပေးထားတယ်လို့ ဂက်ပိုက ပြောပါတယ်။
ပီအက်စ်ဗီမှာ ၅ နှစ်ကြာ ကစားခဲ့တဲ့ ဂက်ပိုဟာ နယ်သာလန်ကလပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိထားကာ အသင်းဟောင်းကို ပြန်ရင်ဆို်ငရတာဟာ သူ့အတွက်တော့ ကောင်းမွန်တဲ့ အခိုက်အတန့်လို့ ဖွင့်ဆိုပါတယ်။
ချန်ပီယံလိဂ် အမှတ်ပေးဇယား အဆင့် ၁၆၊ ၁၇၊ ၁၈ နဲ့ ၁၉ တို့က အသင်းတွေထဲက တစ်သင်းသင်းဖြင့် ထိပ်တိုက်တွေ့မှာဖြစ်ပေမယ့် အဲ့အဆင့်က အသင်းတွေက တောင့်တင်းလွန်းနေတယ်လို့ အာနယ် ဆလော့က ဆိုပါတယ်။
လီဗာပူးအသင်းဟာ တောင်အမေရိက ကစားသမားတွေကို ဆက်လက် ကင်းထောက်နေဆဲဖြစ်ကာ အာဂျင်တီးနား ကြယ်ပွင့် အချို့နဲ့ သတင်းထွက်လာနေပါတယ်။
လေဗာကူဆင်အသင်းမှ အသက် ၂၄ နှစ်အရွယ် အစွန်လူ ဖရန့်ပေါင်က သူဟာ ငယ်စဉ်တုန်းက လီဗာပူးအကယ်ဒမီကို ဦးစားပေး ရွေးချယ်ခဲ့တာဖြစ်ပေမယ့် မိဘတွေက လိုက်ပို့ရမှာ ဝေးတာကြောင့် ဘက်စ်ကားနဲ့ ၁၅ မိနစ်ပဲ သွားရမယ့် မန်စီးတီး အကယ်ဒမီ တက်ခဲ့တာလို့ ပြောပါတယ်။