

လီဗာပူးအသင်းဟာ ရှုံးသင့်တဲ့ အသင်းမဟုတ်ဘဲ မိနစ် ၁၈၀ အကျော်မှာ ပီအက်စ်ဂျီက ပိုကောင်းတဲ့အသင်းဖြစ်သွားတယ်လို့ နည်းပြ အာနယ် ဆလော့က ဆိုပါတယ်။
အန်ဖီးမှာ ရင်ဆိုင်ကစားရတာဟာ အမြဲတမ်း ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ပေးနိုင်စွမ်းရှိတယ်လို့ ပီအက်စ်ဂျီနည်းပြ အန်ရီကေးက ဆိုပါတယ်။ ဒီနိုင်ပွဲအတွက် သူတို့အသင်းက ပါတီပေးပြီး အောင်ပွဲခံရပါမယ်လို့ ဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီကို ရှုံးနိမ့်အပြီး အန်ဖီးကွင်းမှာ မိုဆာလာကို မျက်ရည်တွေနဲ့ မြင်ခဲ့ရပါတယ်။ ဆာလာဟာ ရာသီကုန်ရင် လီဗာပူးနဲ့စာချုပ်သက်တမ်းကုန်ပြီဖြစ်သလို ချန်ပီယံလိဂ်ကနေ ခပ်စောစော ထွက်ရခြင်းက သူ့ရဲ့ ဘလွန်းဒီအောဆုအတွက်ပါ ထိခိုက်စေဖွယ် ရှိပါတယ်။
ပွဲအပြီး ဗန်ဒိုက်ဟာ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌနဲ့ စကားပြောနေတဲ့ ပုံရိပ်တွေ ထွက်ပေါ်နေပါတယ်။ နယ်သာလန်ခံစစ်မှူးဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၃ လပဲ ကျန်ရှိတော့တာပါ။
မန်စီးတီးနဲ့ ယူနိုက်တက် ပရိသတ်တွေကတော့ အာနယ် ဆလော့ဟာ ဂွာဒီယိုလာနဲ့ ဖာဂူဆန်တို့လို တစ်ရာသီတည်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား ယူတာမျိုး အာနယ် ဆလော့ မလုပ်နိုင်တော့ခြင်းအတွက် ပျော်ရွှင်နေကြပါတယ်။
ကာရာဘောင်းဖလား ဖိုင်နယ်ကို ထရန့် လွဲချော်သွားဖို့ များနေပြီး ဒုတိယဦးစားပေးဖြစ်တဲ့ ဘရတ်ဒလေလည်း ကစားနိုင်မှာ မဟုတ်ပါဘူး။
ခံစစ်မှူး ကိုနတေးဟာ ဒဏ်ရာရခဲ့ခြင်း မဟုတ်ဘဲ ပွဲပန်းသွားခဲ့ခြင်းဖြစ်ကာ ကာရာဘောင်းဖလား ဖိုင်နယ်မှာ ပါဝင်ကစားနိုင်ဖွယ် ရှိနေဆဲဖြစ်ပါတယ်။
ဒါဝင်ဟာ သူ့ရဲ့ ကစားသမားဘဝမှာ ပင်နယ်တီ ၁၃ ကြိမ် တာဝန်ယူခဲ့ဖူးပြီး ၁ ကြိမ်ပဲ လွဲချော်ထားကာ ၁၂ ကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီပွဲမှာတော့ မဝင်ခဲ့ပါဘူး။
အသင်းခေါင်းဆောင် ဗန်ဒိုက်က ဒါဝင်နဲ့ ဂျုံးတို့ကို ပင်နယ်တီ လွဲချော်ခြင်းအတွက် စိတ်ပျက်မနေကြဖို့ အားပေးစကား ပြောဆိုလိုက်ပါတယ်။ ပင်နယ်တီ ဝင်ခြင်း လွဲခြင်းဟာ ဘောလုံးရဲ့ အစိတ်အပိုင်းပဲဖြစ်ပြီး ကာရာဘောင်း ဖိုင်နယ်အတွက် အဆင်သင့် ပြင်ထားကြဖို့ တိုက်တွန်းလိုက်တာပါ။
နယူးကာဆယ်ကွင်းလယ်လူ ဂွီးမာရက်စ်ကတော့ ကာရာဘောင်းဖလား ဖိုင်နယ်ဟာ သူတို့အတွက်တော့ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲပဲလို့ ကြွေးကြော်လိုက်ပါတယ်။