

ဒီရာသီမှာ လီဗာပူးအတွက် ပွဲကစားခွင့် နည်းပါးနေသလို ဘိုလော့ညာပွဲမှာ ဂိုးမရခဲ့တဲ့ ဒါဝင်ကို ဝေဖန်နေကြခြင်းအပေါ် အာနယ် ဆလော့က တုန့်ပြန်လာပါတယ်။
ချန်ပီယံလိဂ်ပွဲမှာ ၁ နာရီနီးပါး ကစားခွင့်ရခဲ့ပြီး ဘာသက်ရောက်မှုမှ မပြနိုင်ခြင်းကြောင့် ဒါဝင်ကို ဝေဖန်လာကြချိန်မှာ အသင်းဘက်က ဒါဝင် တိုက်စစ်မှာ အခွင့်အရေး ရဖို့အတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့တာပါလို့ နည်းပြက ပြောပါတယ်။
ဆလော့က ” သူ ၁ ဂိုးပဲ သွင်းနိုင်သေးတယ်လို့ ဝေဖန်တာတွေက မမျှတပါဘူး။ ဘာလို့လည်းဆိုတော့ ကစားချိန် ဘယ်လောက်ရလဲ ကြည့်ဖို့လည်း လိုသေးတယ်။ ဒီပွဲက သူ့ရဲ့ ပထမဆုံး ပွဲထွက်က ပါဝင်ခွင့်ရတာပါ (ချန်ပီယံလိဂ်ကို ဆိုလိုဟန်ရှိ)။
ပထမ ၁ နာရီလောက်မှာ သူ့အတွက် ကျနော်တို့ ဘာဖန်တီးမှုမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။ နောက်ဆုံးပေးချက် မတိုင်ခင်မှာကို ကျနော်တို့က ဘောလုံးတွေ ပျက်နေတာပါ။ ကျနော်တို့ ပိုကောင်းကောင်း ကစားနိုင်ခဲ့ရင် ဒါဝင် အခွင့်အရေး ပိုရခဲ့နိုင်ပါတယ်။
ဘုန်းမောက်ပွဲမှာ သူ သွင်းဂိုးကောင်း ယူပေးခဲ့တယ်။ ဒီနေ့မှာ တကယ်ကို ခက်ခဲတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ရသလို သူ့အတွက်လည်း ခက်ခဲခဲ့တယ်။ အသင်းဖော်တွေကလည်း လုပ်ပေးနိုင်ရမယ့် အနေအထားလောက်ကို သူ့အတွက် မလုပ်ပေးနိုင်ပါဘူး။
ပွဲနည်းနည်းလောက်ပဲ ကစားရသေးတဲ့ သူ့ကို ၁ ဂိုးပဲ သွင်းသေးတယ် ပြောတာမျိုးက မမျှတပါဘူး” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
အသင်းတိုက်စစ်မှာ ဂျိုတာ၊ ဆာလာ၊ ဒီယက်ဇ်တို့က အဓိက တိုက်စစ်သမားတွေ အဖြစ် ပွဲထွက်နေကာ ဂက်ပို၊ ဒါဝင်နဲ့ ခီယေဆာတို့က ပွဲချိန်တွေ လုနိုင်ရေး စွမ်းဆောင်ရည်တွေဖြင့် သက်သေပြကြရမှာ ဖြစ်ပါတယ်။