ငါတို့တွေ နှိမ့်ချမယ်၊ အေးဆေးနေမယ်၊ ပရီးမီးယားလိဂ်ဖလား အနိုင်ယူကြမယ်လို့ ဆာလာ အသိပေးပြီ

လီဗာပူးအသင်းဟာ မနေ့ညက ဘောက်ဆက်ဒေးပွဲမှာ လက်စတာကို နိုင်ပြီးတဲ့နောက် အမှတ်ပေးဇယား ထိပ်မှာ ဆက်လက် ရပ်တည်နေပါတယ်။ ဒါ့အပြင် ဒုတိယ နေရာမှာ ချယ်ဆီးထက် တစ်ပွဲလျော့ ကစား ၇ မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ညက ပွဲမှာ ကားတစ်ဂျုံးစ်ရဲ့ သွင်းဂိုး အပြီး ‘Liverpool, Liverpool, top of the league… Liverpool, top of the league’ လို့ ပရိသတ်တွေ သံပြိုင် ဟစ်ကြွေးနေကြပြီး ဆာလာရဲ့ သွင်းဂိုး အပြီးမှာ ထို chants အသံတွေက ပိုမို ကျယ်လောင်ခဲ့ပါတယ်။

ဆာလာက ” ဒီတခေါက် ခံစားမှုကတော့ မတူပါဘူး။ ဒါပေမယ့် အရေး အကြီးဆုံးက ကျွန်တော်တို့ နှိမ့်ချပြီး အေးဆေးနေဖို့ပဲ။

ဒီည နိုင်ပွဲက စပါယ်ရှယ် ဖြစ်ခဲ့တယ်။ ဒီကလပ် အသင်း အတွက် ဒီရာသီ ပရီးမီးယားလိဂ် အနိုင်ရမယ် လို့ မျှော်လင့်ပါတယ်။ ဒါကပဲ ကျွန်တော် စိတ်ကူး အိပ်မက် ဖြစ်တယ်။

အရေး အကြီးဆုံးက အသင်း နိုင်နေဖို့၊ အဲဒီနောက်မှာ ပရီးမီးယားလိဂ် အနိုင်ရဖို့ပဲ။

ဒီည ပွဲက ကောင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်ပွဲချင်းစီ အာရုံစိုက် ကစားသွားရမယ်။ ဒီပုံစံ အတိုင်းပဲ ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အခုချိန်မှာတော့ အမှတ်ပေးဇယား ဒုတိယနေရာက ချယ်ဆီးကို ၇ မှတ်ထိ ဖြတ်ထားနိုင်တာပဲ ဖြစ်ပါတယ်။