၂၀၂၂-၂၃ ဘောလုံးရာသီ အတွက် လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်ကတော့ ဆောက်သမ်တန်နဲ့ တွေ့မှာ ဖြစ်ပြီး အဝေးကွင်း စိန့်မေရီကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။
မနေ့ညက ယူနိုက်တက် နိုင်ပွဲ ရအပြီးမှာ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ကတော့ လုံးဝ အဆုံးသတ်သွားခဲ့ပါပြီ။ ဒါပေမယ့် ဘောလုံးရာသီ အပိတ်ပွဲကိုတော့ လီဗာပူးတို့ အင်ပြည့်အားပြည့် ကစားသွားမယ် မျှော်လင့်ရပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ဆောက်သမ်တန်နဲ့ လီဗာပူး အသင်းတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” ဆောက်သမ်တန်က ဒီရာသီ သူတို့အတွက် ပြန်ကြည့်လောက်စရာ အမှတ်တရတွေ သိပ် မရှိလှပါဘူး။ အထူးသဖြင့် ဒီတစ်ရာသီလုံးမှာ သူတို့ အိမ်ကွင်းမှာတောင် နိုင်ပွဲက ၂ ပွဲပဲ ရှိခဲ့တာပါ။
သူတို့ က ဒီပွဲကို ဂုဏ်သိက္ခာအတွက် ကစားသွားမှာပါ။ ဒါပေမယ့် ဒါက ဒီတလော သီတင်းပတ်တွေ အတွင်း အရှိန်ကောင်း ရနေတဲ့ လီဗာပူးလို အသင်းကို ယှဉ်ဖို့တော့ လုံလောက်မှာ မဟုတ်ဘူး။
ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက်လည်း ဒီရာသီက အတော် ခက်ခဲခဲ့တာပါ။ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်တာက သူတို့အတွက် အတော်ကြီး စိတ်ပျက်စရာ ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် အနည်းဆုံးတော့ ဘောလုံးရာသီကို သူတို့ high note နဲ့ ကောင်းကောင်း အပြီးသတ်ပါလိမ့်မယ်။
ကျနော်က ဒီပွဲမှာ မို ဆာလာ ဂိုးသွင်းမယ် မျှော်လင့်ထားတယ်။ ပြီးတော့ လီဗာပူး အနိုင်ပေါ့။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ ဆောက်သမ်တန် ဝ-၂ လီဗာပူး ဖြစ်ပါတယ်။