လာမယ့်ရာသီ လီဗာပူးအသင်း ချန်ပီယံလိဂ် မဝင်တဲ့နောက် တိုက်စစ်မှူး ဆာလာက တိုက်စစ်မှူး ဆာလာရဲ့ ‘တကယ်ကို စိတ်ပျက်မိတယ်’ ဆိုတဲ့ စကားလုံးနဲ့ ‘အနိမ့်ဆုံး ချန်ပီယံလိဂ်တော့ ဝင်ရမှာ’ ဆိုတဲ့ စကားလုံးတွေဟာ မီဒီယာတွေမှာ အဖွခံရတဲ့ စာသားတွေ ဖြစ်လာနေခဲ့ပါတယ်။
အသင်း ချန်ပီယံလိဂ်ဝင်အောင် မကြိုးစားပေးနိုင်ခြင်းကြောင့် ဆာလာရဲ့ တောင်းပန် စကားဟာ မီဒီယာတွေထက်မှာတော့ လီဗာပူး ချန်ပီယံလိဂ် မဝင်လို့ ဆာလာ ထွက်တော့မယ်လို့ စွပ်စွဲခံရမှုတွေ ရှိလာနေခဲ့တာပါ။
ကလော့ပ်ကတော့ လီဗာပူးအသင်းမှာ အဲ့လို ကစားသမားမျိုး မရှိကြောင်း တုန့်ပြန်ခဲ့သလို တစ်ယောက်ယောက်က ချန်ပီယံလိဂ် မဝင်လို့ ထွက်သွားလိုရင် လိုက်တောင် ပို့ပေးလိုက်ဦးမယ်လို့ ပြတ်ပြတ်သားသား တုန့်ပြန်လာခဲ့ပါတယ်။
ကလော့ပ်ကတော့ ” မိုဆာလာက လီဗာပူးမှာ ရှိနေရတာကို နှစ်သက်ပါတယ်။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်အတွက် သူတောင်းပန်ခဲ့ပါတယ်။ အခြားသော အသင်းဖော်တွေအတွက် သူတောင်းပန်တာ မဟုတ်ပါဘူး။ ကိစ္စအားလုံး အဆင်ပြေပါတယ်။
အကယ်လို့ ကစားသမားတစ်ယောက်က ‘လီဗာပူး ချန်ပီယံလိဂ်မဝင်လို့ အသင်းကနေ ထွက်ချင်ပါတယ် လာပြောခဲ့ရင်’ ကျနော် ကိုယ်တိုင် ကားမောင်းပြီး သူပြောင်းမယ့် အသင်းကို လိုက်ပို့ပေးလိုက်မယ်။ သော့ ချက်ခြင်းယူပြီး ‘မင်းကို ဘယ်ပို့ပေးရမလဲ ငါကိုယ်တိုင် မောင်းပို့ပေးမယ် ‘ လို့ မေးမိမှာပါ။
ဒီအချက်ကို ကျနော်တော့ နားမလည်ပါဘူး။ ကျနော်ကတော့ ချန်ပီယံလိဂ်မှာပဲ ကစားလိုတာကြောင့် ထွက်တော့မယ်လို့ ဘယ်တော့မှ မပြောပါဘူး။ ဒီအရှုပ်ကြီးအတွက် ကျနော်လည်း တာဝန်ရှိသူပါ။ ဒီလို အခြေအနေမှာ အသင်းကို စွန့်ခွာတာမျိုး မလုပ်နိုင်ပါဘူး။
လီဗာပူးအသင်းသား တစ်ယောက်ကမှ သူတို့ ထွက်လိုတယ် လာမပြောပါဘူး။ ခွင့်တစ်ရက်လောက် ရမလား လာမေးကြသူတွေ ရှိပေမယ့် အားလပ်ရက် အပြီးမှာလည်း ကျနော်ထံ လာပြီး အသင်းပြောင်းဖို့ တောင်းဆိုတဲ့သူ တစ်ယောက်မှ မရှိဘူး။ အဲ့အကြောင်း ကျနော်တို့က စကားကို မပြောကြတာပါ ” လို့ ဆောက်သမ်တန် ပွဲကြိုမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။