FFP မညှိဖို့ သတိထားရဖို့ ရှခြင်း၊ ကလယ်ဟာရဲ့ အနာဂတ် မသေချာ၊ လူတန်တောင်း တန်းတက်လာခြင်းနဲ့ လီဗာပူး သတင်းများ

ဘွန်ဒက်လီဂါ နောက်ဆုံးအပတ်ပွဲမှာ ဒေါ့မွန် သရေကျပြီး ဘိုင်ယန်မြူးနစ်တို့ အနိုင်ရသွားခြင်းနဲ့အတူ လီဗာပူးတိုက်စစ်မှူဟောင်း မာနေးဟာ သူ့ရဲ့ ပထမဆုံး ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါချန်ပီယံ ဖြစ်ခဲ့ပါတယ်။

လူတန်တောင်း အသင်းဟာ ကိုဗန်ထရီအသင်းကို ပင်နယ်တီမှာ အနိုင်ရသွားခြင်းကြောင့် လာမယ့်ရာသီမှာ ဘန်လေ၊ ရှက်ဖီးယူနိုက်တက်တို့နဲ့အတူ ပရီးမီးယားလိဂ်ထံ တန်းတက်လာခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးနည်းပြဘဝ ရာသီသိမ်းပွဲမှာ ရလဒ်ထွက်ပြီး အသင်း ၂ သင်း ထိပ်တိုက်တွေ့ခြင်းမျိုး အတွေ့အကြုံ မရှိတဲ့ ကလော့ပ်က ဆောက်သမ်တန်ပွဲမှာ အဓိက ကစားသမားတွေကို ဆက်ပြီး နေရာပေးရမလဲ မစွန့်စားဘဲ ကစားရမလား ဝေခွဲမရ ဖြစ်နေပါတယ်။

မီလ်နာကို စာချုပ်သက်တမ်းတိုးဖို့ ကလော့ပ်ဘက်က ဆန္ဒရှိပေမယ့် လီဗာပူးအသင်းဘက်က ငြင်းဆန်ခဲ့ပါတယ်။ ကလော့ပ်က အင်္ဂလန်သားကြီးကို နည်းပြအဖွဲ့ထဲ ခေါ်သွင်းဖို့လည်း စဉ်းစားခဲ့ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ဘယ်အစွန်လူ ကိုစတက်ကို ရောင်းထုတ်မှာ မဟုတ်ဘဲ လာမယ့်ရာသီအတွက် ဆက်ထိန်းထားမယ်လို့ ဆိုပါတယ်။

လာမယ့်အပတ်မှာ ဂျာမာန်သား ဂျော့ရှမတ်ကီဟာ လီဗာပူးအသင်း အားကစားဒါရိုက်တာသစ် ဖြစ်လာမယ်လို့ စကိုင်းဂျာမနီက ဖော်ပြပါတယ်။

လီဗာပူးအသင်းဟာ ဘယ်လင်ဟမ်အတွက် ပြောင်းရွှေ့ကြေးနဲ့ လုပ်ခကို ပေးနိုင်လောက်ပေမယ့် အေးဂျင့်ကြေး အပါအဝင် ဒေါ့မွန်ကို ပေးရမယ့် နောက်ဆက်တွဲ စွမ်းဆောင်ရည်အလိုက် ပမာဏတွေကိုတော့ မပေးနိုင်တာလို့ သိရပါတယ်။

ကလယ်ဟာက သူ့ကို ပုံမှန်ပွဲထွက်ခွင့် ပေးမယ့် ကလပ် ပေါ်လာခဲ့ရင် အသင်းပြောင်းလိုပြီး လီဗာပူးဘက်က ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း တောင်းဆိုမယ်လို့ မာဆေးဆိုဒ် သတင်းတွေမှာ ဖော်ပြနေပါတယ်။

ချန်ပီယံလိဂ် မဝင်ခြင်းဟာ လီဗာပူးကို ငွေကြေး ပမာဏ အများကြီး ဆုံးရှုံးစေမှာဖြစ်ပြီး ဥရောပဘဏ္ဍာရေး စည်းမျဉ်း FFP အောက်မှာ ဟန်ချက်ညီညီ ဆက်ရှိနေရေး အတော်လေး ကျပ်တည်းစွာ စီမံရဖွယ် ရှိပါတယ်။

အယ်လစ္စတာရဲ့ အေးဂျင့်ဘက်က သူ့ကစားသမားအတွက် လီဗာပူးနဲ့ ညိနှိုင်းမှုအတွင်း ဘရိုက်တန်မှာ ရနေတဲ့ လုပ်ခရဲ့ ၃ ဆအဖြစ် ပေါင် ၁၅၀၀၀၀ ခွဲရအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးသစ်ရဖို့ ကြိုးစား ရှာဖွေနေပြီး အသက် ၂၃ နှစ်အောက် ခံစစ်မှူး များစွာနဲ့ သတင်းတွေ ထွက်ပေါ်လာနေဆဲ ဖြစ်ပါတယ်။