

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အပြီးမှာ လီဗာပူးအသင်းဟာ အဆင့် ၅ အဖြစ် ရာသီသိမ်းခဲ့ကာ လာမယ့်ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲကို အုပ်စုအဆင့်ကနေ ပါဝင် ယှဉ်ပြိုင်သွားပါမယ်။ အသင်းဟာ ဇယားထိပ်က မန်စီးတီးနဲ့ ၂၂ မှတ်ထိ ပြတ်ခဲ့တာ ဖြစ်ပါတယ်။
လက်စတာ၊ လိစ်ဒ်နဲ့ ဆောက်သမ်တန်အသင်းတို့ တန်းဆင်းသွားပြီဖြစ်ကာ လာမယ့်ရာသီမှာ ဘန်လေ၊ ရှက်ဖီးယူနိုက်တက်နဲ့ လူတန်တောင်းတို့ တန်းတက်လာကြမှာ ဖြစ်ပါတယ်။
ဒီနွေမှာ ဖုန်းတွေ အများကြီး ဆက်ရပါလိမ့်မယ် ဆိုတဲ့ စကားနဲ့အတူ အပြောင်းအရွှေ့ စကားပြောရမှုတွေ များမှာဖြစ်ကြောင်း ကလော့ပ်က အသိပေးခဲ့ပါတယ်။
ဒီအပတ်ထဲ ဘရိုက်တန်ကနေ အယ်လစ္စတာ ထွက်ခွာကြောင်း ကြေညာလိမ့်မယ်လို့ သတင်းထောက် ရိုမန်နိုက ပြောလာပါတယ်။ လီဗာပူးအသင်းဟာ ကစားသမားသစ် အားလုံးကို စျေးကွက် အစောပိုင်းမှာ မခေါ်ယူနိုင်ရင်တောင် အယ်လစ္စတာကိုတော့ ခပ်မြန်မြန် လက်မှတ်ထိုးထားဖို့ မျှော်လင့်နေပါတယ်။
ရာသီကြို ပြင်ဆင်မှုအတွက် လီဗာပူးအသင်းသား ပထမအသုတ်ဟာ ဇူလိုင်လ ၈ ရက်နေ့မှာ စတင်ပူးပေါင်းမှာ ဖြစ်ပြီး ဒုတိယအသုတ်က ဇူလိုင်လ ၁၁ ရက်နေ့မှာ ပူးပေါင်းသွားဖို့ ရှိပါတယ်။
အယ်လစ္စတာကော၊ ကိုင်ဆီဒိုပါ ဘရိုက်တန်အတွက် နောက်ဆုံးပွဲ ကစားပေးခဲ့ပြီဖြစ်ကာ သူတို့ ကလပ်ဟာ အကောင်းဆုံး ကစားသမားတွေကို ဆက်ထိန်းထားနိုင်ဖို့ မလွယ်ပါဘူးလို့ နည်းပြဒီဇာဘီက ထုတ်ပြောခဲ့ပါတယ်။
ငါတို့ကြားက အမှတ်တရတွေနဲ့ ညီကို ဆက်ဆံရေးက ဘဝရဲ့ နောက်ဆုံး အချိန်ထိ ဆက်ရှိနေမှာပါလို့ ဟန်ဒါဆန်က မီလ်နာ၊ ဖာမင်နို၊ ကိတ်တာနဲ့ ချိန်ဘာလိန်တို့ကို နှုတ်ဆက်ခဲ့ပါတယ်။
အဝေးကွင်းထိ လိုက်ပြီး လီဗာပူး ပရိသတ်တွေ ကောင်းမွန်တဲ့ အားပေးမှု ပြသခဲ့ခြင်းအတွက် မီလ်နာက ကျေးဇူးတင်စကား ပြောဆိုခဲ့ပါတယ်။