လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ယူမှာဖြစ်ပြီး အချို့သော အပြောင်းအရွှေ့တွေက မျှော်လင့်ထားသလို ခပ်မြန်မြန် မပြီးဘဲ ကြန့်ကြာမှုတွေ ရှိလာနိုင်ပါတယ်။
ဒါပေမယ့်လို့ အဲ့ထဲမှာ အယ်လစ္စတာတော့ ပါမှာ မဟုတ်ဘဲ အသက် ၂၄ နှစ်အရွယ် ဘရိုက်တန် ကွင်းလယ်လူကို လက်မှတ်ထိုးနိုင်ဖို့ လာမယ့် ရက်တွေအတွင်း အဖွဲ့တွေကြား ညိနှိုင်းသွားမှာပါ။ ဘရိုက်တန်နည်းပြကလည်း ဒီနွေမှာ အယ်လစ္စတာနဲ့ ကိုင်ဆီဒိုတို့ ထွက်ခွာမယ်လို့ အတည်ပြုပါတယ်။
ရာသီသိမ်းပွဲဖြစ်တဲ့ ဘရိုက်တန် ၁-၂ အက်စတွန်ဗီလာ ပွဲအပြီးမှာ ဒီဇာဘီက ‘ အယ်လစ္စတာနဲ့ ကိုင်ဆီဒိုတို့က ပိုမြင့်မားတဲ့ အဆင့်တွေမှာ ကစားရဖို့ ထိုက်တန်ပါတယ်။ သူတို့အတွက် ကျနော် ပျော်ရွှင်မိပါတယ်။ ဘရိုက်တန်ရဲ့ ပေါ်လစီအရ ငယ်ရွယ်တဲ့ ကစားသမားတွေကို တိုးတက်လာဖို့ အခွင့်အရေး ပေးရပါမယ်။
ကျနော်တို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ဆက်မထိန်းထားနိုင်ပါဘူး။ ဒါက အမှန်ပါပဲ။ ဒါက ကျနော်တို့ရဲ့ စိတ်ဓါတ်ပိုင်းဖြစ်ပြီး ပိုမို ငယ်ရွယ်တဲ့ ကစားသမားတွေဖြင့် အစားထိုးရမှာပါ ’ လို့ ထုတ်ပြောခဲ့ပါတယ်။
အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုကတော့ လာမယ့် ရက်တွေအတွင်း အယ်လစ္စတာဟာ ဘရိုက်တန်က ထွက်ပါမယ်လို့ ထုတ်ဖော်ခဲ့တယ်။ လီဗာပူးအသင်းဟာ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ အဓိက ညိနှိုင်းနေပြီး ဘရိုက်တန်နဲ့တော့ စကားမပြောသေးပါဘူး။
၂၀၂၈ ခုနှစ်ထိ စာချုပ်အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူခြင်းတွေ ပြီးမြောက်ပြီးခဲ့ရင် ဘရိုက်တန်ကို ယူရို သန်း ၇၀ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုနဲ့ အမြန်ဆုံး စားပွဲဝိုင်း ထိုင်ကာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။