

စပိန်ဂိုးသမား အတ်ဒရီယန်ဟာ ၁ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်တာကြောင့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ လီဗာပူးအသင်းအဖြစ် ဆက်ရှိနေပါမယ်။
ဇွန်လ ပထမအပတ်ထဲမှာ အယ်လစ္စတာက သူ့ရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဖို့ ရည်မှန်းထားပါတယ်။ လီဗာပူးက ကွင်းလယ်လူကို ခေါ်ယူရေး ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားကာ အပြီးသတ် ကိစ္စတွေကို ညိနှိုင်းဖို့ ကျန်နေသေးတာပါ။
လီဗာပူးအသင်းမှာ ကစားသမား တစ်ယောက်ယောက်က သူတို့ရဲ့ အခက်အခဲကို ရင်ဖွင့်လိုရင် နားထောင်ပေးဖို့ အမြဲတမ်း အဆင်သင့်ရှိတယ်လို့ ဆာလာက ထုတ်ပြောလာပါတယ်။ လာမယ့်ရာသီ လီဗာပူး ခေါင်းဆောင်အဖွဲ့ထဲ ဆာလာ ပါဝင်လာမယ် သတင်းထွက်ထားတာ ဖြစ်ပါတယ်။
လာမယ့်ရာသီမှာ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က မန်စီးတီးနဲ့အပြိုင် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်လိမ့်မယ်လို့ ကာရေဂါက ခန့်မှန်းလိုက်ပါတယ်။
မေဆန်မောင့်ကို ခေါ်ယူရေး လီဗာပူးကို အသားစီရသွားမယ်လို့ မန်ချက်စတာ ယူနိုက်တက်ဘက်က ယုံကြည်နေပါတယ်။ ၎င်းတို့ကတော့ မောင့်ကို ပေါင် ၅၅ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။
အင်စတာဂရမ်မှာ နောက်ဆုံးတင်ခဲ့တဲ့ ပိုစ့်အောက်အတွင်း မကြာခင် အိမ်သစ်ရနိုင်ကြောင်း ကာဗာရိုရဲ့ ပြောဆိုမှုက သူ လီဗာပူးကနေ ထွက်မယ်ဆိုတဲ့ သတင်းကို ပိုမို ခိုင်မာလာစေခဲ့ပါတယ်။ လီဗာပူးဘက်ကတော့ ပေါ်တူဂီ တိုက်စစ်သမားအတွက် အပြီးသတ် ခေါ်ယူလိုကြောင်း ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် ပယ်ချထားပါတယ်။
အယ်လစ္စတာဟာ လီဗာပူးအသင်းကို ပြောင်းရွှေ့ပြီးရင် ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ဖို့ ရွေးချယ်ထားပြီးဖြစ်ပါတယ်။
လိဂ်ဝမ်းထံ တန်းဆင်းသွားခဲ့တဲ့ ရီးဒင်း အသင်းဟာ လာမယ့်ရာသီအတွက် လီဗာပူး ကွင်းလယ်လူ ကလာဆန်ကို စကော့ကလပ် Aberdeen အသင်းနဲ့အပြိုင် ခေါ်ယူလိုနေပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ထွက်နေတဲ့ ဖာမင်နိုဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အခြေအနေကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ မက်ဒရစ်မှာက ဘန်ဇီမာ ဆက်နေမှာဖြစ်တာမို့ ပွဲထွက်ခွင့်အတွက် ဖာမင်နို ဦးစားပေးခံရမှာ မဟုတ်ပါဘူး။
စပိန်သတင်းတွေကတော့ လီဗာပူးဟာ ဘာစီလိုနာ ခံစစ်သမား ကွန်ဒီကို စိတ်ဝင်စားတယ်လို့ ဖော်ပြပါတယ်။ လက်ရှိ ဘာစီလိုနာမှာ ညာခြမ်း အစွန်လူနေရာ ကစားနေတဲ့ ကွန်ဒီဟာ ဗဟိုခံစစ်မှူးနေရာ ကစားလိုတာဖြစ်ပြီး အင်္ဂလန်လိဂ်မှာတော့ သူ့ရဲ့ အရပ်အမောင်းက အနည်းငယ် သံသယဝင်ခံရနိုင်ပါတယ်။