

လီဗာပူးအသင်းဟာ ကွင်းလယ်လူပေါင်း များစွာနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေခဲ့ရာမှာ ဒီရက်ထဲ မတူညီတဲ့ လိဂ်တွေမှ ကစားသမားတွေနဲ့ ချိတ်ဆက် ဖော်ပြခံရမှုတွေ ရှိလာပါတယ်။
ပြင်သစ်သတင်းဌာန L’ÉQUIPE ကတော့ လီဗာပူးဟာ လီဂူးဝမ်းကလပ် Nice အသင်းမှ အသက် ၂၂ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ Khephren Thuram ကို စိတ်ဝင်စားစွာ ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စကို လီဗာပူးသတင်းထောက် Neil Jones ကလည်း ထောက်ခံသွားပြီး ကွင်းလယ်ခံစစ်နေရာ ကစားတဲ့ သူ့ကို ဖာဘင်ညိုနေရာ ရေရှည် အစားထိုးဖို့ထိ သဘောကျနေတာလို့ ပြောခဲ့ပါတယ်။
အယ်လစ္စတာ၊ မေဆန်မောင့်တို့လို ပရီးမီးယားလိဂ်မှာ အသားကျနေပြီးသား ကွင်းလယ်လူတွေကို အဓိက ချိန်ရွယ်နေတဲ့ လီဗာပူးဟာ တူဟမ်အပြင် ဂျာမနီသတင်းဌာန BILD ရဲ့ အဆိုအရ ဘွန်ဒက်လီဂါ ကြယ်ပွင့် မန်နူကူနေးနဲ့ပါ သတင်းထွက်နေပါတယ်။
အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် ရိုမန်နိုကလည်း BILD ကို ကိုးကားပြီး ” မန်နူကူနေးဟာ လီဗာပူး ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ လီဗာပူးဘက်က သူ့ကို အတော်လေး သဘောကျတာမို့ အပြောင်းအရွှေ့ အခြေအနေတွေကို တီးခေါက်မှု ပြုလုပ်ထားပါပြီ။
အဖွဲ့တွေကတော့ ဒီနွေမှာ ကူနေး အသင်းပြောင်းနိုင်ဖို့ အခွင့်အရေးရှိတယ် ခံစားမိနေပြီး လီဗာပူးရဲ့ ပလန်တွေထဲမှာ သူကလည်း ပါဝင်နေပါတယ် ” လို့ ဖော်ပြခဲ့ပါတယ်။
လာမယ့် သီတင်းပတ်တွေအတွင်း အသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စတွေအကြောင်း ပိုသိလာရမယ် မျှော်လင့်ရတာ ဖြစ်ပါတယ်။