

ဒီကနေ့မှာ အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် ရိုမန်နိုက မန်နူကူနေး၊ ဂွီးမာရက်စ်၊ အယ်လစ္စတာတို့နဲ့ လီဗာပူးကြား သတင်းထူး အချို့ကို ဖော်ပြလာခဲ့ပါတယ်။
သူဖော်ပြသွားတဲ့ သတင်းထူးတွေကို ဖော်ပြသွားမှာဖြစ်ပြီး လာမယ့် သီတင်းပတ်တွေအတွင်း အသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စတွေ အကြောင်းထူးလာဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။
မန်နူကူနေး (မိုချန်ဂလာဘတ်)
မန်နူကူနေးဟာ လီဗာပူး ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ လီဗာပူးဘက်က သူ့ကို အတော်လေး သဘောကျတာမို့ အပြောင်းအရွှေ့ အခြေအနေတွေကို တီးခေါက်မှု ပြုလုပ်ထားပါပြီ။ အဖွဲ့တွေကတော့ ဒီနွေမှာ ကူနေး အသင်းပြောင်းနိုင်ဖို့ အခွင့်အရေးရှိတယ် ခံစားမိနေပြီး လီဗာပူးရဲ့ ပလန်တွေထဲမှာ သူကလည်း ပါဝင်နေပါတယ်။
ဂွီးမားရက်စ် (နယူကာဆယ်)
နယူးကာဆယ်က ဂွီးမားရက်စ်ကို ကာလရှည် သက်တမ်းတိုး စာချုပ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ကနီး ဆွေးနွေးမှုတွေ စတင်ထားပြီဖြစ်ကာ ဆက်လက် စကားပြောနေပါတယ်။ ဘာစီလိုနာနဲ့ လီဗာပူးက ဂွီးမားရက်စ်ကို ခေါ်ယူဖို့ ခြေရာကောက်နေကြပေမယ့် နယူးကာဆယ်ဘက်က ကလပ်ရဲ့ အရေးပါတဲ့ ကစားသမားကို လက်မလွတ်ရဖို့ တားဆီးမှာကို သူတို့ သိပါတယ်။
မက်အယ်လစ္စတာ (ဘရိုက်တန်)
လီဗာပူးက ဒီအပတ်အတွင်း အယ်လစ်စတာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေ ပြီးမြောက်တော့မှာပါ။ ကစားသမားဘက်ခြမ်းနဲ့ ကိစ္စတွေအားလုံး သဘောတူသလောက် ရှိနေပါတယ်။ ပြီးရင်တော့ နောက်အပတ်မှာ အပြီးသတ်စရာတွေ ဆက်လုပ်ပါမယ်။
ကစားသမားအတွက် အဆင်ပြေပြီးရင် ဘရိုက်တန်ဘက်ကို စာချုပ်ပါအတိုင်း (ပေါင် သန်း ၇၀ ထက်နည်းမယ့် ပမာဏ) ပြောင်းရွှေ့ကြေးပေးဖို့ လီဗာပူးဘက်က ပြင်ဆင်ထားပါတယ်။