လီဗာပူး စနစ်ရဲ့ ဖာမင်နို False Nine နေရာကို ဘယ်လို အစားထိုးမလဲ ကလော့ပ် ထုတ်ပြောလာ

နည်းပြယာဂင်ကလော့ပ်က ဒီနွေမှာ သူ့ရဲ့ အကောင်းဆုံး အသင်းသားတစ်ဦးဖြစ်တဲ့ ဘော်ဘီ ထွက်ခွာသွားတော့မှာဖြစ်ပေမယ့် ဘရာဇီးသားနေရာ ဘယ်လို အစားထိုးနိုင်မလဲ ထုတ်ပြောခဲ့ပါတယ်။

၂၀၁၅ မှာတည်းက လီဗာပူးကို ရောက်လာခဲ့တဲ့ ဘော်ဘီ ထွက်ခွာတော့မှာကို ဝမ်းအနည်းဆုံး လူရှိမယ်ဆိုရင် သေချာပေါက် ကလော့ပ်ပဲ ဖြစ်ပါလိမ့်မယ်။

ဂျာမာန်သား နည်းပြဟာ လီဗာပူးကို ကိုင်တွယ်နေစဉ် ကာလအတွင်းမှာ အခြားသော ကစားသမားတွေထက် ဘော်ဘီကို ဦးစားပေး ပွဲထုတ်ခဲ့ပါတယ်။ လီဗာပူးတိုက်စစ်မှာ False Nine နေရာကို တာဝန်ယူရင်း တောက်ပခဲ့တဲ့ ဘော်ဘီဟာ လီဗာပူးမှာ ၃၆၀ ပွဲ ကစားပြီး ၁၀၉ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အနာဂတ်မှာ ဘော်ဘီနေရာ ဘယ်လို အစားထိုးမလဲ မေးခွန်းအတွက် ကလော့ပ်က ” ကုန်ခဲ့တဲ့ ၆ နှစ်လောက်အတွင်းမှာ ဘောလုံးကို မြတ်နိုးသူတိုင်းနဲ့ တူညီတဲ့ နေရာမှာ ကစားသူတိုင်းအတွက် ဘော်ဘီထံကနေ အတုမယူဖို့ဆိုတာက ခက်ခဲတယ်လို့ ဝန်ခံရပါလိမ့်မယ်။

ကျနော်တို့က လူတွေရှေ့မှာ ဘောလုံးကစားတာမို့ ကျနော်တို့ ဘယ်လိုကစားလဲ အားလုံးမြင်ပါတယ်။ ဘော်ဘီဟာ တူညီတဲ့ နေရာမှာ ကစားနေတဲ့ ဘဝတူ ကစားသမားတိုင်း အတုယူလောက်စရာ တိုက်စစ်တာဝန်ကို ရယူပြခဲ့သူဆိုတာ ရှင်းပါတယ်။

ကုတ်ဒီက အသက် ၂၃ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး အသင်းဟောင်းမှာ အသင်းခေါင်းဆောင် တာဝန်ကို ရယူခဲ့တာ ဖြစ်ပါတယ်။ သူအသင်းကို ရောက်လာချိန်မှာ ဒီကောင်လေး မဆိုးဘူး၊ အသင်းလိုက် ကစားသမားကောင်းပဲလို့ ကျနော် တွက်ဆမိခဲ့တယ်။ သူက အတော်ကောင်းတဲ့ ကစားသမား တစ်ယောက်ပါပဲ။

ကုတ်ဒီက ဘော်ဘီရဲ့ နေရာမှာ ကစားနိုင်ပါတယ်။ သူက တောင်ပံနဲ့ အထောင် တိုက်စစ်တွေမှာပါ ကစားနိုင်တယ်။ တကယ့် နံပါတ် ၉ စစ်စစ်လို ကစားနိုင်တယ်၊ တိုက်စစ် ဧရိယာထိပ်မှာတင် မကဘဲ နှစ်ဦးတွဲ တိုက်စစ်မှူး ပုံစံကိုလည်း ကစားနိုင်တယ်။

ဒီတော့ တိုက်စစ်မှာ ကုတ်ဒီကလည်း ကိုယ်ပိုင် နည်းလမ်းတစ်ခုကို ဖန်တီးနိုင်ပါတယ်။ ဘော်ဘီလို ပုံစံမျိုးကို ကုတ်ဒီ လုပ်နိုင်မယ်တော့ မပြောပါဘူး။ ဘယ်သူကမှတော့ ဘော်ဘီနဲ့ မတူညီနိုင်ဘူးလေ။ ဘော်ဘီက ဘော်ဘီပဲ မဟုတ်လား ” လို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီနဲ့ မတ်လလောက်တုန်းက ကုတ်ဒီကို ဘယ်တောင်ပံမှာ သုံးပြီး ဒါဝင်ကို အထောင်တိုက်စစ်နေရာမှာ မြင်ရဖို့ လီဗာပူးပရိသတ်တွေဘက်က အတော်လေး ထောက်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့်လို့ ကလော့ပ်ကတော့ ဂက်ပိုဟာ အထောင်နေရာမှာ ပိုမို သင့်လျော်မယ်လို့ ယုံကြည်နေတာပါ။

ဒါဝင်ဟာ အရှိန်မြန်မြန်ဖြင့် တိုက်စစ်ကစားနိုင်ပေမယ့် ဘာသာစကား အခက်အခဲ၊ သူ့ရဲ့ စိတ်လောမှုတွေနဲ့အတူ တိုက်စစ်ပိုင်း ချိတ်ဆက်သူ တာဝန်ကို မယူနိုင်သေးချိန်မှာ နည်းစနစ်ပိုင်းကောင်းတဲ့ ဂက်ပိုကို အထောင်နေရာပိုဖို့ ကလော့ပ်က ရွေးချယ်ထားတာပဲ ဖြစ်ပါတယ်။