ဒီအပတ်အကုန်မှာ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်ဖြစ်လာမယ့် စပါးအသင်းဟာ ယာယီနည်းပြ စတီလာနီကို ရာထူးကနေ ထုတ်ပယ်ကာ လူငယ်နည်းပြ ရိုင်ယန် မေဆန်ကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပါပြီ။
ချယ်ဆီးအသင်းဟာ မေဆန်မောင့်ကို အနည်းဆုံး အသင်းမှာ နောက်ထပ် ၂ ရာသီလောက် ဆက်နေပေးဖို့ စည်းရုံးနေပြီး လီဗာပူးနဲ့ အခြားသော ပြည်တွင်း ထိပ်သီး အသင်းတွေထံ မရောက်ရေး ကြိုးစား တားဆီးနေပါတယ်။
ဘာစီလိုနာဟာ ဖာမင်နိုကို သူတို့ရဲ့ အပြောင်းအရွှေ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းခဲ့ပြီ ဖြစ်ပေမယ့်လို့ ချယ်ဆီးမှ အူဘာမီယန်ကို ပြန်လည် ခေါ်ယူရေးက ဦးစားပေးပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် သီတင်းပတ်အတွက် လိဂ်ရဲ့ အကောင်းဆုံး ပွဲထွက် ၁၁ ဦး စာရင်းထဲမှာ ဂျိုတာ ပါဝင်သွားပါတယ်။
အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာရဲ့ ခြေစွမ်းကို တစ်ရာသီလုံး စောင့်ကြည့်ဖို့ လီဗာပူးအသင်းက ကင်းထောက် တစ်ဦးကို စေလွှတ်ထားခဲ့တယ်လို့ သိရပါတယ်။
ဘလက်ဘန်းအသင်းထံ အငှားထွက်ကစားနေတဲ့ ကွင်းလယ်လူ တေလာ မော်တန်ဟာ ခြေထောက်ဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရပြီဖြစ်ကာ ခွဲစိတ်မှုပါ ခံယူရဖို့ ရှိနေပါတယ်။
ကိတ်တာဟာ လီဗာပူးကနေ ထွက်ခွာပြီးရင် အင်္ဂလန်ပြင်ပ ကလပ်တစ်သင်းထံ ရောက်နိုင်ပေမယ့် ချိန်ဘာလိန်ကတော့ အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ ဘရိုက်တန် တစ်သင်းသင်းထံ ရောက်ရှိနိုင်ပါတယ်။
လီဗာပူးအသင်းဟာ ချယ်ဆီး စီနီယာကွင်းလယ်လူ နှစ်ဦးဖြစ်တဲ့ မောင့်နဲ့ ဂါလယ်ဂါတို့ နှစ်ဦးလုံးကို စျေးကွက် တစ်ခုတည်းမှာ ခေါ်ယူနိုင်ဖို့ ခက်ခဲမယ်ဆိုတာကို နားလည်ထားပါတယ်။
လီဗာပူးရဲ့ အပြောင်းအရွှေ့ရေးရာ တာဝန်ရှိသူတွေက ဘရိုက်တန်ကနေ ကိုင်ဆီဒိုကို ခေါ်ယူရေးက ခက်ခဲလွန်းပြီး အဲ့ထက်စာရင် အယ်လစ်စတာကို လက်မှတ်ထိုးဖို့ကမှ ပိုဖြစ်နိုင်မယ်ဆိုတာ နားလည်ထားပါတယ်။
နယူးကာဆယ် ကွင်းလယ်လူ ဂွီးမားရက်စ်ကို လီဗာပူး အပြောင်းအရွှေ့ ရေးရာ အဖွဲ့က အတော်လေး မျက်စိကျနေပါတယ်။
ဂရာဗင်ဘက်ချ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုဟာ အကောင်းမြင်စရာ ဖြစ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က ကွင်းလယ်အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၂၅ သန်းထက် အများကြီး ပိုလိုချင်နေပါတယ်။