လီဗာပူး ညာအစွန်လူ ထရန့်ဟာ အငြင်းပွားဖွယ်ရာ နှိုင်းယှဉ်ခံရမှု အဖြစ် အခြားသော အင်္ဂလန် ညာအစွန်လူ တစ်ဦးနဲ့ ရွေးချယ်ဖို့ အသုံးချခြင်း ခံခဲ့ရပါတယ်။
အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အပြီး မန်ချက်စတာ ယူနိုက်တက်တို့ ဗိုလ်လုပွဲကို တက်ရောက်တဲ့နောက် ပြိုင်ဘက် တောင်ပံသမားကို ထိန်းချုပ်နိုင်ခြင်းနဲ့အတူ ဘယ်သူကမှတော့ ထည့်မတွက်ပေမယ့် ညာအစွန်လူ ဘစ်ဆာကာဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး ညာအစွန်လူလို့ ၎င်းတို့အသင်း ပရိသတ်တွေက ကြွေးကြော်ခဲ့တာပါ။
ယူနိုက်တက်ပရိသတ်တွေရဲ့ ကြွေးကြော်မှုတွေကြောင့် ESPN ကနေပြီး ထရန့် vs ဘစ်ဆာကာ အငြင်းအခုံလေးတစ်ခု ပြုလုပ်ပေးခဲ့ကာ နှစ်ဦးထဲက ဘယ်သူ့ကို ကိုယ်အသင်းအတွက် ရလိုသလဲလို့ မေးခွန်းထုတ်ပေးခဲ့ပါတယ်။
လီဗာပူးပရိသတ်တွေကတော့ “ အိုင်စတိုင်းလို သိပ္ပံပညာရှင်ကို အလယ်တန်းကျောင်းက ရူပဗေဒ ကျောင်းဆရာနဲ့ နှိုင်းယှဉ်လိုက်သလိုပဲ။ ” လို့ စိတ်ပျက်စွာ တုန့်ပြန်ခဲ့ကြတယ်။
ဆက်ပြီးလည်း “ ထရန့်က အမြဲတမ်း စံနမူနာ တစ်ယောက်ဖြစ်နေမှာပဲ။ ရှိသမျှ ညာအစွန်လူတိုင်းကို ထရန့်နဲ့ လိုက်ပြီး နှိုင်းယှဉ်ကြလိမ့်မယ်။ ”
“ နှစ်နှစ်လောက် ဘယ်ရောက်လို့ ဘယ်ပျောက်နေတယ် မသိဘဲ နောက်ဆုံး ၂ ပွဲ ၃ ပွဲမှ ခြေလေးနည်းနည်းပြန်ရလာတဲ့ ကစားသမားတစ်ယောက်ကို ကုန်ခဲ့တဲ့ ၅ ရာသီလုံး အကောင်းဆုံး ဆိုတဲ့ စွမ်းဆောင်ရည် ပြခဲ့တဲ့ ထရန့်နဲ့ နှိုင်းသတဲ့လား? ထရန့်ကို ဘယ်လောက်တောင် မလေးစားလိုက်တဲ့ မေးခွန်းမျိုးလဲကွာ။ ”
“ ဘစ်ကာဆာ နဲ့ ဂျိမ်း၊ ဘစ်ဆာကာနဲ့ ဝေါ့်ကာ၊ ဘစ်ဆာကာနဲ့ ထရစ်ပီယာ နှိုင်းယှဉ်တာမျိုး မဟုတ်ဘဲ ရှိသမျှ ညာအစွန်လူတိုင်းကို ထရန့်နဲ့ပဲ လိုက်ယှဉ်နေကတည်းက ထရန့်က ဘယ်လောက်တောင် ကောင်းသူလဲ သိလိုက်ကြပါတော့။ ”
“ ထရန့်ကို ရှိသမျှ ညာအစွန်လူတိုင်းနဲ့ ယှဉ်ကြတယ်ကွာ။ ပြီးတော့လည်း ထရန့်ပဲ အကောင်းဆုံးလို့ လက်ခံလိုက်ကြတာပဲ။ ”
“ အသက် ၂၄ နှစ်မှာ အရာအားလုံးကို အောင်မြင်ထားတဲ့ ထရန့်လို ကစားသမား တစ်ယောက်လို ဘယ်သူမှ စံနမူနာ မယူတဲ့ ဘစ်ဆာကာလို ကစားသမားနဲ့ နှိုင်းတယ်ကွာ။ မော်ဒန်ခေတ်ရဲ့ ဘောလုံးအမြင် အားကောင်းမှုကို အဲ့မှာတင် ကြည့်ပါတော့။ ” စသဖြင့် တုန့်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။