ဝက်စ်ဟမ်း v လီဗာပူး ပွဲကို ပွဲကြို သုံးသပ်ပြီး ရလဒ်ခန့်မှန်းခဲ့တဲ့ ခရစ်ဆက်တန်

ဒီကြားရက်မှာတော့ လီဗာပူးအသင်းဟာ လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်း အိမ်ကွင်းထံ သွားပြီး ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ဟာ လာမယ့်ရာသီ ဥရောပဝင်ခွင့် တစ်နေရာအတွက် အရေးကြီးနေဦးမှာပါ။

ဝက်စ်ဟမ်း v လီဗာပူး

ဝက်စ်ဟမ်းအသင်းဟာ ဥရောပပွဲဖြစ်တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ်ပွဲကို ဂိုးပြတ် အနိုင်ရခဲ့သလို အဲ့ပွဲအပြီး ယှဉ်ပြိုင်ကစားတဲ့ ဘုန်းမောက်ပွဲမှာလည်း ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဝက်စ်ဟမ်းက သူတို့ နောက်ဆုံး ယှဉ်ပြိုင်ထားရတဲ့ ၄ ပွဲမှာ ၁၀ မှတ်ထိကို ရယူထားနိုင်ပြီး တန်းဆင်းဇုန်ကနေ ဝေးကွာဖို့ဆိုရင် နောက်ထပ် ရမှတ်တွေ ယူနိုင်ရပါမယ်။

တိုက်စစ်သမား အန်တိုနီက အတော်လေး တိုးတက်လာခဲ့ပြီး လီဗာပူးကို ရင်ဆိုင်တဲ့ ပွဲမှာ သူတို့ ရမှတ် ယူနိုင်မလားတော့ သေချာ မပြောနိုင်ပါဘူး။ ဒီရာသီ အခြေအနေကို ဝက်စ်ဟမ်းကလည်း စိတ်ပျက်နေမှာဖြစ်ပြီး သူတို့ရဲ့ ဘောလုံးရာသီကို ဆယ်တင်ဖို့က နောက်ကျနေပြီလို့ ပြောလို့ မရပါဘူး။

ဝက်စ်ဟမ်းက လီဗာပူးကို ရင်ဆိုင်ကစားမယ့်ပွဲမှာ ခက်ခဲမှုတွေ ပေးနိုင်အောင် ကြိုးစားမယ်ဆိုပေမယ့် ကလော့ပ်ရဲ့ အသင်းက ဒီပွဲမှာ ဂိုးရဦးမှာပါ။ မယုံရတာက သူတို့အသင်းရဲ့ ခံစစ်ပဲ ဖြစ်ပါတယ်။ ဖောရက်စ်လို အသင်းကတောင် လီဗာပူး ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ရင် ဝက်စ်ဟမ်းကလည်း သေချာပေါက် ပေးနိုင်ပါလိမ့်မယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း 2-2 လီဗာပူး