လီဗာပူးနဲ့ လိုက်ဇစ် အသင်းတို့ဟာ ဆိုဘိုစလိုက်ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၇၀ ဖြင့် သဘောတူညီမှု ရခဲ့ပြီဖြစ်ကာ မကြာခင် ဆေးစစ်တော့မယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ပြခဲ့ပါတယ်။
ဆိုဘိုစလိုက်အတွက် လီဗာပူးက ကာလရှည် စာချုပ်ပေးမယ့်အပြင် တစ်ပတ်လုပ်ခ ပေါင် ၈၀၀၀၀ ပေးချေဖို့ ပြင်ဆင်ထားပါတယ်။
ဆိုဘိုစလိုက်ကို ခေါ်ယူဖို့ သဘောတူညီခြင်းက သူရမ် အပြောင်းအရွှေ့ မဖြစ်တော့ဘူးလို့ မဆိုလိုပါဘူး။ သူတို့ နှစ်ဦးဟာ မတူညီတဲ့ ကစားသမားတွေအဖြစ် လီဗာပူးဘက်က မြင်ပါတယ်။
လီဗာပူးအသင်းက ခေါ်ယူလိုနေတဲ့ ခံစစ်မှူး လီဗီကိုးဝယ်ကို ဆက်ထိန်းနိုင်ရေး ချယ်ဆီးဘက်က စာချုပ်သစ်ပေး ကမ်းလှမ်းနေပါတယ်။ သူ့ကို ဘရိုက်တန်ဘက်က ပေါင် ၃၅ သန်းတန် စာချုပ်ဖြင့် ကမ်းလှမ်းထားပါသေးတယ်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ဂိုးသမား အတ်ဒရီယန်ကို ၁ နှစ် သက်တမ်းတိုးခဲ့ကြောင်း လီဗာပူးအသင်းဘက်က တရားဝင် သတင်းထုတ်ပြန်ပါတယ်။
လီဗာပူးဘက်က ခံစစ်မှူးသစ် ခေါ်ယူရေးအတွက် စပို့တင်းမှ အန်နာဆီယိုကို ပစ်မှတ်ထားမယ်လို့ ယူဆချက်တွေ ပေါ်ထွက်လာပါတယ်။
လိုက်ဇစ်ထံ အငှားထွက်သွားတဲ့ ကာဗာရိုက ဘွန်ဒက်လီဂါကလပ်ဟာ သူ့အတွက် ပြည့်စုံတဲ့ ကလပ်အသင်းဖြစ်လာပါလိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။
ကွင်းလယ်လူ ဘာ့ဆဲတစ်ဟာ ဂျူလိုင်လ စီနီယာတွေ စတင်ပူးပေါင်းချိန်မှာတည်းက အသင်းလူစာရင်းထဲ ပါဝင်မှာဖြစ်ကာ အဓိက လေ့ကျင့်မှုတွေအတွက် နည်းနည်းချင်း ပါဝင်သွားမှာ ဖြစ်ပါတယ်။