ကယ်လစ္စတာ၊ ဆိုဘိုစလိုက်တို့နောက် လီဗာပူးထံ ပြောင်းရွှေ့မယ့် တတိယမြောက် ကစားသမား

ဒေါမနစ် ဆိုဘိုစလိုက်က လီဗာပူးကို ပြောင်းလာဖို့ ပြင်ဆင်နေချိန်မှာပဲ လီဗာပူးဟာ နောက်ထပ် ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူသွားနိုင်ကြောင်း အသံထွက်လာပြန်ပါတယ်။

သတင်းထောက် ရိုမန်နိုရဲ့ ဖော်ပြချက်အရ အသင်းဟာ ဟန်ဂေရီသားနဲ့ ဆေးစစ်မှုတွေ ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဆိုဘိုစလိုက်ဟာ လိုက်ဇစ်ရဲ့ ခွင့်ပြုမှုနဲ့အတူ မာဆေးဆိုဒ်ထံ ထွက်ခွာလာပြီ ဖြစ်ပါတယ်။

ဒါပြီးရင် အသင်းရဲ့ တတိယမြောက် လက်မှတ်ထိုးမှုက လာဗီယာ ဖြစ်လာနိုင်ကြောင်း သတင်းထွက်လာခဲ့တယ်။ The Athletic မှာ ဆောက်သမ်တန်အသင်းအတွက် သတင်းရေးနေတဲ့ Jacob Tanswell ကတော့ လာဗီယာဟာ လီဗာပူးကို ရောက်မယ်လို့ ယုံကြည်နေပါတယ်။

သူကပဲ “ ဆောက်သမ်တန်ဘက်က သူ့အတွက် မြင့်မားတဲ့ အသုံးစရိတ် လိုချင်နေပါတယ်။ လာဗီယာအတွက် ကလပ်တွေဘက်က ပြောင်းရွှေ့ကြေး ပေါင် ၄၅-၅၀ သန်းလောက် ပေးရပါလိမ့်မယ်။ သူတို့ လိုချင်တဲ့ ပစ်မှတ်တွေ ရပြီးခဲ့ရင် ကလပ်တွေက လာဗီယာဘက်ကို လှည့်လာမှာပါ။

လီဗာပူး ဒါမှမဟုတ် ချယ်ဆီးထဲက တစ်သင်းပဲ ဖြစ်လာပါလိမ့်မယ်။ ကျနော်ကတော့ လီဗာပူးပဲ ဖြစ်လာမယ် ထင်ပါတယ်။ ယာဂင်ကလော့ပ်နဲ့ သူ့ရဲ့ နောက်ကွယ်က အဖွဲ့သားတွေဟာ လာဗီယာကို ခေါ်ယူရေး ကြိုးစားထားပါတယ်။ လီဗာပူးက လာဗီယာ ပြောင်းနိုင်တဲ့ ကလပ်လို့ ထင်ပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။