ဆိုဘိုစလိုက်ကို ကစားသမားသစ်အဖြစ် ၂၄ နာရီအတွင်း ကြေညာဖွယ်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးအသင်းဟာ ဆိုဘိုစလိုက်ကို ဆေးစစ်မှု ပြီးမြောက်ခဲ့ကာ လာမယ့် ၂၄ နာရီအတွင်း ကစားသမားသစ်အဖြစ် ကြေညာပါမယ်။ သူ့ရဲ့ စာချုပ်က ၅ နှစ် သက်တမ်းရှိမှာ ဖြစ်ပါတယ်။

လီဗီကိုးဝယ်ကို ခေါ်ယူနိုင်မလား အခြေအနေကို လီဗာပူးဘက်က ဝင်စုံစမ်းပေမယ့် ချယ်ဆီးဘက်က အပြောင်းအရွှေ့ လမ်းဖွင့်ပေးဖို့ ငြင်းဆန်ပါတယ်။

မိုဆာလာဟာ မနက်အစောပြီး gym မှာ လေ့ကျင့်ရေး လုပ်နေတဲ့ ပုံရိပ်ကို အင်တာစတာဂရမ်ကနေ မျှဝေခဲ့ပါတယ်။

ဆိုဘိုစလိုက် လီဗာပူးအသင်းမှာ ဘယ်ကျောနံပါတ် ဝတ်ဆင်သင့်သလဲအတွက် ထင်မြင်ချက်တွေ အများကြီး ထွက်နေပါတယ်။ အချို့ကတော့ သူ့ရဲ့ ဟီးရိုး ဂျရတ်ရဲ့ ကျောနံပါတ် ၈ ဟာ သင့်လျော်မယ်လို့ မြင်ပေမယ့် အချို့ကတော့ ကိတ်တာလို ဖိအားတွေအောက် ပျောက်ကွယ်သွားနိုင်ကြောင်း ထောက်ပြပါတယ်။

ဒီလထဲမှာ လီဗာပူးပွဲစဉ် ၃ ပွဲ ရှိမှာဖြစ်ကာ ဇူလိုင်လ ၁၉ ရက်နေ့မှာ Karlsruher SC ဇူလိုင်လ ၂၄ ရက်နေ့မှာ Greuther Furth ဇူလိုင်လ ၃၀ ရက်နေ့မှာ Leicester City တို့ဖြစ်ပါတယ်။

လီဗာပူးပစ်မှတ် ဗီဂါနဲ့ လာဗီယာတို့ကို ချယ်ဆီးအသင်းက စိတ်ဝင်စားနေဆဲဖြစ်ကာ အာဆင်နယ်ကလည်း လာဗီယာကို ကွင်းလယ် ခံစစ်နေရာအတွက် ချိတ်ဆက်လိုနေပါတယ်။

မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုက်ကို ခေါ်ယူအပြီးမှာ လီဗာပူးအသင်းဟာ homegrown ကစားသမားတွေဘက် အားစိုက်ရမှာမို့ တတိယမြောက် လက်မှတ်ထိုးမှုက ကြာရှည်သွားနိုင်ပါတယ်။

နာပိုလီအသင်းဟာ လီဗာပူး ခံစစ်မှူး ကိုနတေးကို ဘိုင်ယန်ပြောင်းသွားတဲ့ ကင်မင်ဂျေနေရာ အစားထိုးဖို့အတွက် စိတ်ဝင်စားလာပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ကစားသမားသစ်တွေ ခေါ်ယူဦးမှာဖြစ်ကာ လူစာရင်း ပြန်တည်ဆောက်မှုကို ဆက်လက် အကောင်အထည်ဖော်ဦးမှာ ဖြစ်ပါတယ်။