

အားလပ်ရက် ၃ ပတ်ရထားတဲ့ လီဗာပူးအသင်းသားတွေဟာ ဇူလိုင်လ ၈ ရက်နေ့ အက်ဆာ လေ့ကျင့်ရေးကွင်းမှာ ပြန်လည် စုဝေးကြမှာ ဖြစ်ပါတယ်။ သူတို့တွေ ဒီအားလပ်ရက်မှာ ဘာတွေလုပ်နေကြလဲဆိုတာကို ဖော်ပြသွားပါမယ်။
လီဗာပူးအသင်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရှင် အယ်လီဆန်က သူ့မိသားစုနဲ့အတူပဲ ဘရာဇီးမှာ အချိန်ကုန်ဆုံးနေပါတယ်။ လက်ရွေးစင်နဲ့ ပူးပေါင်းအပြီး ဒီယက်စ်ကလည်း မိသားစုဝင်တွေနဲ့အတူပဲ အနားယူနေရင်း ကြံ့ခိုင်မှု လေ့ကျင့်နေပါတယ်။
စီနီယာတွေထဲမှာ ရာသီသစ်အတွက် စိတ်ဆန္ဒ အပြင်းထန်ဆုံးကတော့ ဆာလာဖြစ်ပါတယ်။ ဒီတလောမှာ ကြံ့ခိုင်မှုပိုင်း ထိန်းသိမ်းတဲ့ လေ့ကျင့်ရေးတွေ လုပ်နေတဲ့ ပုံရိပ်တွေကိုပဲ သူ ဆက်တိုက် တင်ထားခဲ့တာပါ။
ရိုဘိုကတော့ အေးအေးလူလူပဲ ဂေါက်ရိုက်လိုက် အပန်းဖြေလိုက်ဖြင့် အနားယူနေခဲ့တယ်။ သူက ချိန်ဘာလိန်နဲ့လည်း တင်းနစ်ပွဲတွေ ကစားခဲ့ဟန်ရှိပါတယ်။ ဗန်ဒိုက်က ဒီဘရိုင်းနဲ့အတူ အားလပ်ရက် ခရီးသွားနေတဲ့ ပုံရိ်ပ်တွေ တင်လာပြီး မကြာသေးခင်က နောက်ထပ် ခရီးအတွက် လမ်းခွဲခဲ့ကြပါတယ်။
ဟန်ဒါဆန်ကို သူ့အိပ်က Gym ခန်းမှာ ကြံ့ခိုင်မှု လေ့ကျင့်နေတဲ့ ပုံမျိုးတွေ မြင်ထားရတယ်။ ထရန့်ကိုတော့ ပဲရစ်က ဖက်ရှင်ရှိုးတစ်ခုထံ ဘယ်လင်ဟမ်နဲ့အတူ သက်ရောက်ခဲ့တာကိုတော့ လူသိများပါတယ်။
အတ်ဒရီယန်နဲ့ သီယေဂိုတို့က စပိန်မြေမှာ သူတို့ မိသားစုတွေနဲ့အတူ ရှိနေပါတယ်။ ကိုနတေးက ဆော်ဒီထံ သွားရောက်ကာ ဘာသာရေးပိုင်း လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ဂက်ပိုကတော့ ဖခင်ရဲ့ ဇာတိမြေ တိုဂိုထံ ခရီးထွက်ပြီး အလှူအတန်းတွေ လုပ်နေခဲ့ပါတယ်။
ဒါဝင်ကတော့ လူမှုကွန်ယက်တွေမှာ သူ့ရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြမှု နည်းပါးပြီး သူ့ရဲ့ကလေးတွေနဲ့ပဲ ပျော်နေဟန်ရှိပါတယ်။