

လီဗာပူးအသင်းဟာ ကွင်းလယ်လူ လာဗီယာကို ခေါ်ယူရေး ပြိုင်ဆိုင်မှုထဲ ပါဝင်လာပါတယ်။ စာရင်းထဲမှာ သူရမ်ကိုလည်း ထည့်ထားပြီး နောက်ထပ် ကွင်းလယ်လူ တစ်ဦး ခေါ်ယူဖို့ အစီအစဉ်က ရှိနေဆဲပါ။
အတိတ်က အတွေ့အကြံတွေအရ လီဗာပူးဟာ လူရှေ့မှာတော့ လာဗီယာ၊ သူရမ်တို့နဲ့ သတင်းတွေ ထွက်ပြနေပေမယ့် တကယ်တမ်း ချိတ်ဆက်မယ့်သူက အခြားတစ်ဦးပဲ ဖြစ်မယ်ဆိုတဲ့ မှတ်ချက်တွေ များပြားလာပါတယ်။
ပြင်သစ် ယူ-၂၁ အသင်း ယူရိုပြိုင်ပွဲကနေ ထွက်ခွာသွားပြီမို့ လာမယ့် ရက်တွေမှာ လီဗာပူးရဲ့ လှုပ်ရှားမှုတွေ မြင်ရနိုင်ပါတယ်။
အင်္ဂလန် ယူ-၂၁ အသင်းက ပေါ်တူဂီ ယူ-၂၁ အသင်းကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကာတစ်ဂျုံးက ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
ဆိုဘိုကတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်လာတည်းက နှစ်တိုင်းမှာ သူ ဆုဖလား အောင်မြင်လေ့ရှိပြီး လီဗာပူးမှာလည်း အဆိုပါ မှတ်တမ်းကို ဆက်ထိန်းလိုတယ်လို့ ဆိုလာပါတယ်။
ဆိုဘိုစလိုက်ဟာ လီဗာပူးမှာ ၂၀၂၈ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကာ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိမှာ ဖြစ်ပါတယ်။
ဒီနွေမှာ ကစားသမားသစ် ခေါ်ယူအားဖြည့်မှုတွေ ဆက်လုပ်ဦးမယ့် လီဗာပူးက ခံစစ်မှူးဘက်ကို လှည့်လာတော့မှာပါလို့ ရိုမန်နိုက ထုတ်ပြောလာပါတယ်။
လာဗီယာနဲ့ ကိုးဝယ်လို ကစားသမားတွေကို လီဗာပူးဘက်က စိတ်ဝင်စားနေရခြင်းဟာ Homegrown ကစားသမား လိုအပ်ချက် ကြီးမားလာမယ့် အရေးကို ကြိုတင် ကာကွယ်ဖို့ ပြင်ဆင်လိုခြင်းပဲ ဖြစ်ပါတယ်။
ဆိုဘိုစလိုက်ဟာ အနာဂတ်အတွက် လက်မှတ်ထိုးမှုဖြစ်သလို လက်ရှိကာလအတွက် အရေးကြီးတဲ့ ခေါ်ယူမှုလည်း ဖြစ်ပါတယ်လို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။