ဒေါ့မနစ် ဆိုဘိုစလိုက်နဲ့ ပတ်သက်ပြီး လီဗာပူးပရိသတ်တွေ သိထားဖို့ လိုအပ်လောက်မယ့် ကိစ္စအချို့ကို ဖော်ပြသွားပါမယ်။
၁ – ဘောလုံးမိသားစု
ဆိုဘိုစလိုက် မိသားစုနွယ်တွေထဲမှာတော့ ဒေါမနစ်ရဲ့ အဖေဖြစ်သူကလည်း ဘောလုံးသမားပါပဲ။ ဒါကြောင့် သားဖြစ်သူကို ပရော်ဖက်ရှင်နယ်ကောင်း ဖြစ်လာဖို့ အကောင်းဆုံး ပျိုးထောင်ပေးခဲ့ပါတယ်။ ငယ်ငယ်တည်းက ဘောလုံးကပဲ ဘဝဆိုတဲ့ စိတ်နဲ့ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။
၂ – ဟန်ဂေရီသား
ဒေါမနစ်ဟာ လီဗာပူးအသင်းအတွက် ကိုယ်စားပြုတဲ့ ၄ ဦးမြောက် ဟန်ဂေရီသား ဖြစ်ပါတယ်။ သူ့ရှေ့မှာတော့ ကော့မာ၊ ဂူလာချီနဲ့ ဘော်ဒန်တို့ ရှိဖူးပါတယ်။ ၃ ဦးလုံးကတော့ မထင်မရှားတွေဖြစ်ကြပြီး ဘော်ဒန်ကတော့ ၂၀၁၅ တုန်းက ဘော်တန်ကနေ ရောက်လာတာမို့ မှတ်မိသူတွေ ရှိကြပါမယ်။
၃ – ဂျရတ်ကို အထင်ကြီးသူ
ဒေါမနစ်ဟာ သူ့ရဲ့ လက်မှာ ဂျရတ်ရဲ့ နာမည်ကျော် စကားတစ်ခွန်းကို တက်တူးပါ ထိုးထားခဲ့တာပါ။ သိပ်ငယ်သေးတာမို့ သိပ်မမှတ်မိပေမယ့် သူ့ကို စိတ်လှုပ်ရှားစေတဲ့ ပွဲစဉ်တစ်ပွဲက ဂျရတ် ပါဝင်တဲ့ ချန်ပီယံလိဂ်ပွဲလို့လည်း ဆိုထားခဲ့ပါတယ်။
၂ – စိတ်ဓါတ်မာကျောသူ
အခြားသော ကိစ္စတွေထက် နာမည်ကြီး ဖြစ်ရပ်တစ်ခုကို ပြောရရင် ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်မှာ လိုက်ဇစ်က ပီအက်စ်ဂျီကို ၂-၁ ဖြင့် အရေးနိမ့်နေစဉ် ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ နေမာက ဒေါမနစ်ကို မင်းဝင်ပါ့မလားလို့ စိတ်သွားဆွချိန်မှာ ဒေါမနစ်က ဝင်မှာ သေချာတယ်လို့ တုန့်ပြန်ခဲ့ပြီး သူကန်နေကျ ဘယ်ခြမ်းကိုပဲ ကန်သွင်းခဲ့ပါတယ်။
ဒေါမနစ်ဟာ စိတ်ဓါတ်မာကျောတယ်၊ ရည်ရွယ်ချက်ကြီးတယ်လို့ သိရပြီး တကယ် ဟုတ်မဟုတ် ရာသီသစ်မှာ မြင်ရပါမယ်။
၁ – အပြစ်ကင်းတဲ့ ဒဏ်ရာမှတ်တမ်း
လီဗာပူးအသင်းရဲ့ ကွင်းလယ်လူတွေဟာ ဒဏ်ရာ ပြဿနာနဲ့ ပတ်သက်လာရင် မှတ်တမ်း သိပ်မကောင်းပါဘူး။ ချိန်ဘာလိန်၊ ကိတ်တာတို့ ဘယ်လောက်ထိ ဒဏ်ရာ အခြေအနေ ဆိုးခဲ့လဲ ထည့်ပြောဖို့လိုမယ် မထင်ပါဘူး။ ဒေါမနစ်ကတော့ နောက်ဆုံး ၂ ရာသီမှာ ဒဏ်ရာကြောင့် တစ်ပွဲပဲ လွဲခဲ့ပါတယ်။
ပြောရရင် ကယ်လစ္စတာကလည်း နောက်ဆုံး ၃ ရာသီမှာ ဒဏ်ရာကြောင့် ၁ ပွဲပဲ လွဲထားခဲ့ပါတယ်။