

ဖာမင်နိုဟာ ဆော်ဒီကလပ် Al Ahli အသင်းနဲ့ ဆေးစစ်မှု ပြီးမြောက်ခဲ့ကာ ၂၀၂၆ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုတော့မှာပါ။
ဒေါမနစ် ဆိုဘိုစလိုက်က လီဗာပူးကို ပြောင်းလာခဲ့ပြီးနောက် ချန်ပီယံလိဂ် မကန်ရလဲ ကိစ္စမရှိဘူး လီဗာပူးအသင်းနဲ့ ယူရိုပါလိဂ် အောင်မြင်အောင် ကြိုးစားမယ်လို့ ထုတ်ပြောလာပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့မှာ ဒေါမနစ်ဟာ လီဗာပူးအသင်းနဲ့ စတင် ပူးပေါင်းမှာဖြစ်ကာ ဇူလိုင်လ ၁၁ ရက်နေ့ လေ့ကျင့်ရေးမှာ စတင် ပါဝင်သွားမှာပါ။
ဝုဒ်ဘတ်ခံစစ်မှူး ဗန်ဒီဗန်ဟာ စပါးအသင်းထံ ပြောင်းဖို့ အရေးသာသွားခဲ့ပြီဖြစ်ကာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ဝန်းကျင် ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဗန်ဒီဗန် မဟုတ်ဘဲ လီဗာပူးအသင်းထံ ပြောင်းလာဖို့ ရေပန်းစားနေသူ နှစ်ဦးကတော့ စပို့တင်းမှ အန်နာဆီယိုနဲ့ ချယ်ဆီးမှ လီဗီ ကိုးဝယ်တို့ပဲ ဖြစ်ပါတယ်။
ချယ်ဆီးထံက ကိုးဝယ်ကို လက်လွတ်မယ့် အရိပ်အယောင် နည်းနည်းလေး ရှိရင်တောင် လီဗာပူးဘက်က ဝင်ကြိုးစားမှာပါ။ အခုချိန်ထိတော့ ချယ်ဆီးဘက်က သူတို့ ခံစစ်မှူးကို ဆက်ထိန်းဖို့ပဲ တွန်းလုပ်နေပါတယ်။
ဆော်ဒီကလပ်ဘက်က ကမ်းလှမ်းမှု တစ်ကြိမ်ကို လီဗာပူးအသင်း ရခဲ့ပေမယ့် သီယေဂိုကို ရောင်းချမလား ဆိုတာက ကစားသမားရဲ့ ဆန္ဒအပေါ် မူတည်ပါတယ်။
Al Ettifaq မန်နေဂျာ စတီဗင်ဂျရတ်က သူ့အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ ကော်တင်ညိုတို့ကို ဆော်ဒီလိဂ်ထံ ခေါ်ယူသွားဖို့ စဉ်းစားနေပါတယ်။
လီဗာပူးအသင်းက ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူနိုင်ရေး ကလပ်ချင်း စကားပြောမှုကို မကြာခင် စတင်နိုင်တယ်လို့ သိရပြီး နောက်ကွယ်ကနေ စုံစမ်းရမယ့် ကိစ္စတွေကို တွန်းအားပေး လုပ်ဆောင်နေပါတယ်။