

ကစားသမားသစ် ဒေါမနစ် ဆိုဘိုစလိုက်ကတော့ လီဗာပူးအသင်းနဲ့အတူ ကြီးကျယ်တဲ့ ကိစ္စတွေကို ပြုလုပ်လိုနေကာ ဆုဖလား အောင်မြင်မှုတွေ ရယူဖို့ စိတ်ဆန္ဒ ရှိနေပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ရ လိုက်ဇစ်အသင်းကနေ လီဗာပူးအသင်းကို ပြောင်းလာခဲ့ပြီး လာမယ့်ရာသီမှာ ဟန်ဂေရီ ကွင်းလယ်လူက ယူရိုပါလိဂ်မှာပဲ အသင်းနဲ့အတူ ပါဝင် ယှဉ်ပြိုင်ရမှာပါ။ သူကတော့ ဒါကို နစ်နာမှုလို့ မမြင်ဘဲ လီဗာပူးအတွက်ဆိုရင် ချန်ပီယံလိဂ် တစ်နှစ် မကစားရလည်း စတေးခံတယ်လို့ ထုတ်ပြောလာခဲ့တယ်။
ဟန်ဂေရီ သတင်းဌာနနဲ့ အင်တာဗျူးမှာ ဒေါမနစ်က ” လီဗာပူးကို ပြောင်းရဖို့က တကယ်ကြီးကို အလေးအနက် ဆွေးနွေးနေကြပြီလို့ ကြားရချိန်မှာ ကျနော်က ချန်ပီယံလိဂ် ကစားဖို့အကြောင်း နည်းနည်းလေးမှကို မစဉ်းစားတာပါ။
လီဗာပူးကို ပြောင်းလာရဖို့အတွက် ကျနော်ကတော့ ချန်ပီယံလိဂ် တစ်နှစ် မကစားရရင်တော်င ပျော်ပျော်ကြီး စတေးခံလိုက်ပါမယ်။ အဲ့အစား အသင်းနဲ့ ယူရိုပါလိဂ် အနိုင်ရအောင် ကြိုးစားသွားမှာပါ ” လို့ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။
ထူးထူးခြားခြားအဖြစ် ဒေါမနစ်ဟာ ပရိုကစားသမားဘဝ နှစ်တိုင်းမှာ ဆုဖလား အောင်မြင်တဲ့ မှတ်တမ်းရှိထားသေးတာပါ။ သူကတော့ သူ့ရဲ့ မှတ်တမ်းအတိုင်း လီဗာပူးမှာလည်း ဆုဖလားတွေ ဆက်လက် အောင်မြင်ဖို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြောထားတာ ဖြစ်ပါတယ်။