NEWS: လီဗာပူးက ခံစစ်မှူး ကိုးဝယ်ကို စိတ်ဝင်စားပေမယ့် ချယ်ဆီးနဲ့ သဘောတူညီမှု ရနိုင်ဖို့ ခက်ခဲနေပါတယ်

လီဗာပူးအသင်းဟာ ခံစစ်ပိုင်း ပစ်မှတ်အဖြစ် လီဗီ ကိုးဝယ်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပေမယ့် ချယ်ဆီးဘက်ကတော့ သူတို့ လူငယ် ခံစစ်မှူးကို ဆက်ထိန်းဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

ယူ-၂၁ ယူရိုပြိုင်ပွဲ အပြီးမှာ ချယ်ဆီးအသင်း လေ့ကျင့်ရေးထံ ပြန်သွားမယ့် ကိုးဝယ်ဟာ မနှစ်ကရာသီ ဘရိုက်တန်းအသင်းမှာ အငှားထွက်ကစားခဲ့စဉ် တောက်ပတဲ့ ခြေစွမ်းတွေ ပြသခဲ့တယ်။ သူဟာ ယူ-၂၁ ပြိုင်ပွဲမှာလည်း အင်္ဂလန်ရဲ့ အဓိက ကစားသမားအဖြစ် ဂျုံးနည်းတူ တောက်ပနေပါတယ်။

ဘရိုက်တန်ဘက်က ကိုးဝယ်ကို အပြီးသတ် ခေါ်ယူဖို့ ၂ ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ချယ်ဆီးဘက်က ဆက်တိုက် ပယ်ချခဲ့ပါတယ်။ ကိုဟမ် အကယ်ဒမီထွက်ဟာ သီတင်ပတ်း အနည်းငယ် အကြာမှာ နည်းပြပိုချက်တီနိုနဲ့ တွေ့ဆုံပြီး အနာဂတ် ကိစ္စ ဆွေနွေးသွားမှာပါ။

လန်ဒန်သတင်းဌာနက ဖော်ပြရာမှာ ကိုးဝယ်ဟာ နောက်ရာသီမှာ စီနီယာ ပွဲကစားခွင့် ဘယ်လောက် ရနိုင်မလဲ သိလိုနေပါတယ်။ ဇန်နဝါရီမှာ ဘတ်ဒီယာရှိုင်းကို ချယ်ဆီးတို့ ခေါ်ယူထားတာမို့ သူ့ရဲ့ ပွဲထွက်ခွင့်က အကန့်အသတ် ရှိနေမှာပါ။

လီဗာပူးကတော့ နည်းပြကလော့ပ်ရဲ့ စနစ်သစ်မှာ ဘယ်ခြမ်း ဗဟိုခံစစ်မှူးနေရာ အသုံးပြုဖို့ ကိုးဝယ်ကို သဘောကျနေတာဖြစ်ပြီး အင်္ဂလန်သားဟာ ရော်ဘတ်ဆန်နဲ့ နေရာ ပြိုင်ဆိုင်ရနိုင်သလို ဗန်ဒိုက်ရဲ့ တွဲဘက်အဖြစ် ကိုနတေးနဲ့ နေရာ ပြိုင်ဆိုင်ရတာလည်း ဖြစ်သွားနိုင်ပါတယ်။

လီဗာပူးဘက်ကတော့ ချယ်ဆီးတို့ ကိုးဝယ်ကို ရောင်းချမယ်လို့ မီးစိမ်းပြတာနဲ့ ဝင်ရောက် ကမ်းလှမ်းဖွယ်ရှိကာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ အထက်မှာ ရှိနေမှာ ဖြစ်ပါတယ်။