ဒီကနေ့မှာတော့ လီဗာပူးအသင်းရဲ့ ရာသီကြို ပြင်ဆင်မှု စတင်ပြီ ဖြစ်ပါတယ်။ စီနီယာ အနည်းငယ်ဟာ ခါဘီမှာ လာရောက် ပူးပေါင်းကြပါမယ်။
ဒီကနေ့ည ၁၀ နာရီခွဲမှာတော့ ကာတစ်ဂျုံး၊ ဟာဗေးတို့ ပါဝင်နေတဲ့ အင်္ဂလန် ယူ-၂၁ အသင်းဟာ စပိန် ယူ-၂၁ အသင်းနဲ့ ယူရိုဖလား ဖိုင်နယ် ယှဉ်ပြိုင်ကြပါမယ်။
လီဗာပူးအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုတော့ ပေါင် သန်း ၄၀ ထက် ပိုပေးမှာ မဟုတ်ပါဘူး။
အင်္ဂလန်အသင်းအတွက် သွားရောက် ကစားပေးထားအပြီးမှာ ထရန့်ဟာ နားရက် တစ်ပတ်ပဲ ယူထားကာ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေနဲ့အတူ မြန်နှုန်းနဲ့ ခံနိုင်ရည် ရှိမှုအပိုင်းတွေအတွက် ကြိုးစား လေ့ကျင့်နေပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်အတွက် ဗယ်ဗာဒီကို ချိတ်ဆက်မှု တစ်ခု ဒီနွေမှာ ပြုလုပ်ခဲ့ပေမယ့် ဥရုဂွေးသားက ရီးရဲလ်မက်ဒရစ်ကနေ ထွက်လိုစိတ် မရှိသလို အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်ကို အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ဖို့ထိပါ မြင်ထားတာလို့ သိရပါတယ်။
အန်ဖီးကွင်း ကွင်းမျက်နှာပြင်ဟာ မြက်ခင်းတွေ ပြန်ခင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ပွဲကစားနိုင်ဖို့အတွက် ၃ ပတ်ကြာ အချိန်လိုအပ်မှာ ဖြစ်ပါတယ်။
ဘယ်အစွန်လူ လုချိမ်ဘာကို ဘွန်ဒက်လီဂါကလပ် လေဗာကူဆင် အသင်းက တစ်ရာသီ အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဆော်ဒီကလပ်ကို ကိုင်တွယ်ဖို့ ရွေးချယ်ခဲ့တာအတွက် စတီဗင်ဂျရတ်ဟာ များစွာ ဝေဖန်ခံနေရပြီး ဒါဟာ အောင်မြင်လိုတဲ့ နည်းပြတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ထက် ငွေကြေး အကျိုးအမြတ်ကို တွက်ဆလိုက်ခြင်းလို့ပါ မှတ်ချက်ပေးခံနေရတာပါ။
နာမည်ကြီး ပြင်သစ် ဘောလုံးအေးဂျင့်ရဲ့ အဆိုအရ တန်ကြေးကြီးလှတဲ့ အမ်ဘာပေကို ခေါ်ယူနိုင်မယ့် ကလပ်တွေထဲမှာ လီဗာပူးအသင်း မပါဝင်ဘူးလို့ ဆိုပါတယ်။