ချန်ပီယံဖြစ်သွားတဲ့ ဂျုံးနဲ့ ဟာဗေး၊ ချမ်ဘာကို အငှားခေါ်မယ့် လေဗာကူဆင်၊ အလွန်ဆိုကို စောင့်ကြည့်နေခြင်း၊ အမ်ဘာပေအတွက် ချိတ်ဆက်ခြင်း မရှိခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

ကာတစ်ဂျုံးနဲ့ ဟာဗေးတို့ ပါဝင်တဲ့ အင်္ဂလန် ယူ-၂၁ အသင်းဟာ ယူရိုဖိုင်နယ်မှာ စပိန်အသင်းကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

အင်္ဂလန် ယူ-၂၁ အဓိက ကစားသမားဖြစ်တဲ့ ကာတစ်ဂျုံးဟာ ဖိုင်နယ်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့ပါတယ်။ အင်္ဂလန်အသင်း တစ်လုံးတည်းသော အနိုင်ဂိုးဟာ ကာတစ်ဂျုံးနဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့တာပါ။

ချယ်ဆီး တောင်ပံသမား မာဒူကီဟာ သူ့ရဲ့ ကလပ်အသင်းဖော် လီဗီ ကိုးဝယ်ကို ကလပ်အသင်းထံ ရအောင် ပြန်ခေါ်လာမယ်လို့ ပြောဆိုပါတယ်။ ကိုးဝယ်ကို ခေါ်ယူဖို့ လီဗာပူးဘက်က စိတ်ဝင်စားနေပြီး ချယ်ဆီးဘက်က ရောင်းရန် မဟုတ်ဘူးလို့ တင်းခံနေတာပါ။

လီဗာပူးအသင်းနဲ့ လေဗာကူဆင်တို့ဟာ ဘယ်အစွန်လူ လုခ်ချမ်ဘာကို တစ်ရာသီ အငှားချဖို့ကိစ္စ ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

သီယေဂိုဟာ လီဗာပူးမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားပြီး အခြားအသင်းတွေနဲ့ ဆွေးနွေးညိနှိုင်းမှု ပြုလုပ်ဖို့ စိတ်ဝင်စားရိပ် မပြပါဘူး။ အကယ်လို့ စီနီယာ ကွင်းလယ်လူ တစ်ဦးဦး ထွက်ခွာခြင်း မရှိရင်တော့ အသင်းဟာ ကွင်းလယ်လူသစ် ထပ်ခေါ်ဦးမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူရေး ချိတ်ဆက်နေခြင်း လုံးဝ မရှိဘူးလို့ The Independent သတင်းထောက် Miguel Delaney က ဖော်ထုတ်လိုက်ပါတယ်။

ညာအစွန်လူ ကယ်ဗင် ရမ်ဆေးဟာ ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းထံ အငှား မထွက်ခင် လီဗာပူးမှာပဲ ကြံ့ခိုင်မှုပိုင်းအတွက် လေ့ကျင့်နေဦးမှာ ဖြစ်ပါတယ်။

လေဗာကူဆင်ကနေ အလွန်ဆို ထွက်ခွာချိန်မှာ သူ့ကို ခေါ်ယူဖို့ အစီအစဉ်နဲ့ စောင့်ကြည့်နေမယ့် ကလပ်ထဲ လီဗာပူးလည်း ပါဝင်ပါတယ်လို့ ဂျာမာန် သတင်းထောက် Christian Falk က ဆိုပါတယ်။