ထရန့်ကို သက်တမ်းတိုးဖို့ စကားပြောမှု စတင်၊ ခံစစ်မှူးကော ကွင်းလယ်လူသစ်ကော ခေါ်မည်၊ သူရမ်ကို စိတ်ဝင်စားမှု အားပျော့ခဲ့ခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

လာလီဂါကလပ် အက်သလက်တစ် အသင်းဟာ လီဗာပူးလူငယ်စတားဖြစ်တဲ့ Elijah Gift ကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူသွားခဲ့ပြီ ဖြစ်ပါတယ်။

လာမယ့်နှစ် ၂၀၂၄ နွေစျေးကွက်မှာ သီယေဂို၊ မာတစ်၊ အတ်ဒရီယန်နဲ့ ဗန်ဒန်ဘတ်တို့ဟာ လီဗာပူးအသင်းနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ရာသီကြို မစခင်တုန်းက ဒါဝင်ဟာ ကျောနံပါတ် ၉ ကို ပြောင်းလဲ ဝတ်ဆင်မယ့် အကြောင်း သတင်းထွက်ခဲ့ပေမယ့် လက်တလော လေ့ကျင့်ရေးတွေမှာ နံပါတ် ၂၇ ကိုပဲ ဆက်လက် ဝတ်ဆင်နေခဲ့ပါတယ်။

ထရန့်ဟာ အားလပ်ရက်မှာ သူဘာတွေကို ကြိုးစားလေ့ကျင့်နေသလဲ ဆိုတာအတွက် ဓါတ်ပုံအချို့ကို တွစ်တာကနေ ဖော်ပြလာခဲ့ပါတယ်။ လီဗာပူးဟာ ၂၀၂၅ မှာ စာချုပ်ကုန်မယ့် သူ့ကို သက်တမ်းတိုးဖို့ စတင် စကားပြောနေပါပြီ။

လီဗာပူးနဲ့ လာဗီယာကြား စကားပြောမှုက ဆက်လုပ်နေပြီး လုပ်ခပိုင်းအတွက် နှစ်ဘက်ကြား သဘောတူညီမှု မရသေးပါဘူး။ အသင်းဘက်က ဘင်ဖီကာ ကွင်းလယ်လူ ဖလော်ရန်တီနို လူးဝစ်ကိုလည်း သဘောကျပေမယ့် တိုက်ရိုက် ချိတ်ဆက်မှု မလုပ်သေးဘူးလို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ခပ်မြန်မြန် ခေါ်ယူမှု မလုပ်နိုင်တာကလွဲလို့ ဒီနွေမှာ တတိယမြောက် ကွင်းလယ်လူတစ်ဦး လက်မှတ်ထိုးဖို့က သေချာပါတယ်လို့ သတင်းထောက် Ben Jacobs က ပြောပါတယ်။

ဒီရာသီကြိုမှာ ကလော့ပ် စမ်းသုံးကြည့်မယ့် လူငယ်ကြယ်ပွင့်ဟာ ဗန်ဒုတ်ဖြစ်ပြီး ကစားသမားရဲ့ ခံယူချက်နဲ့ အားထုတ်မှုကို ကလော့ပ်က အတော်လေး သဘောတွေ့နေပါတယ်။

တခါတလေတော့လည်း ဘဝမှာ သိပ်ကောင်းတဲ့ သူငယ်ချင်းကို ဆုံးရှုံးရတတ်ပြီး သူ့အတွက်ကတော့ လီဗာပူးအသင်းဖော် ဘော်ဘီကို လက်လွတ်လိုက်ရခြင်းဟာ အဲ့လို ဆုံးရှုံးမှုဖြစ်တယ်လို့ ဖာဘင်ညိုက ဖွင့်ဟသွားပါတယ်။

လီဗာပူးဘက်က စပို့တင်း ခံစစ်မှူး အန်နာဆီယိုနဲ့ ချယ်ဆီး ခံစစ်မှူး လီဗီ ကိုးဝယ်တို့ကို ခံစစ်အတွက် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Nice ကွင်းလယ်လူ သူရမ်ကို ခေါ်ယူရေး လီဗာပူးဘက်က သွေးအေးသွားခဲ့ပြီဖြစ်ကာ ဗဟိုခံစစ်မှူးနဲ့ ကွင်းလယ်လူသစ် ရဖို့ကိုတော့ တပြိုင်တည်း လုပ်ရှားနေပါတယ်။