လီဗာပူးအသင်း လီဗီ ကိုးဝယ်ကို ခေါ်ချင်နေတာ ၁၀၀% သေချာတယ်လို့ သတင်းထောက် ရိုမန်နို ပြောလာ

လီဗာပူးအသင်းဟာ ချယ်ဆီးခံစစ်မှူး လီဗီ ကိုးဝယ်ကို သဘောကျနေတာ သေချာပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ရာ အခြေအနေက ရှုပ်ထွေးလှတယ်လို့ သတင်းထောက် ရိုမန်နိုက ပြောလာပါတယ်။

ဒီနွေမှာ ခံစစ်မှူးသစ် ခေါ်ယူဖို့ ပြင်ဆင်ထားတဲ့ လီဗာပူးအသင်းဟာ ကိုးဝယ်ကို ဦးစားပေး အဖြစ် ရွေးချယ်ထားတာပါ။ အင်္ဂလန်ကြယ်ပွင့်က လီဗာပူးအသင်း လိုအပ်နေတဲ့ homegrown နေရာအတွက်ပါ အင်အားဖြည့်ပေးနိုင်ပါလိမ့်မယ်။

ရိုမန်နိုကတော့ ” လီဗာပူးအသင်းက လီဗီ ကိုးဝယ်ကို စိတ်ဝင်စားနေတာ ၁၀၀% အတည်ပြုလို့ရပါတယ်။ ဒီစိတ်ဝင်စားမှုက သိပ်ကို အားကောင်းပါတယ်။ ဒါပေမယ့်လို့ ချယ်ဆီးကလည်း သူက အရေးကြီးတဲ့ ကစားသမားလို့ မြင်နေတာနဲ့အတူ အခြေအနေက ရှုပ်ထွေးပါတယ်။

ခံစစ်မှူး ထွက်ခွာဖို့ဆိုရင် သူကိုယ်တိုင်က ချယ်ဆီးအသင်းဘက်ကို အသင်းပြောင်းလိုပါကြောင်း တိုက်ရိုက် တောင်းဆိုမှပဲ ဖြစ်နိုင်ပါလိမ့်မယ် ” လို့ ဖော်ပြသွားပါတယ်။

ကိုးဝယ်ဟာ မနှစ်တုန်းက ဘရိုက်တန်ကို အငှားထွက်ကစားရာက ထင်ပေါ်လာခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ခံစစ်မှူးကို ဘရိုက်တန်က ပေါင် ၃၅ သန်း ဖြင့် ကမ်းလှမ်းပေမယ့် ချယ်ဆီးဘက်က ပယ်ချထားခဲ့တယ်။ သူဟာ ယူရိုဖလား အနိုင်ရ အင်္ဂလန် ယူ-၂၁ အသင်းမှာ ဂျုံးတို့နဲ့အတူ ခြေစွမ်းပြခဲ့ပါတယ်။

မကြာခင် ကစားသမားနဲ့ ဆွေးနွေးမှု လုပ်မယ့် ချယ်ဆီးနည်းပြ ပိုချက်တီနိုကတော့ “ ကိုးဝယ်ဘက်က ဘယ်လို ခံစားမိနေလဲ သိဖို့ လိုပါတယ်။ သူ့အတွေးထဲမှာ ဘာတွေရှိနေလဲ ကျနော် သိရဖို့ လိုပါတယ်။ သူဘာကို မျှော်လင့်ထားလဲပေါ့။ နောက်ပြီး သူနဲ့ ပတ်သက်လို့ ကျနော်ဘက်က အမြင်တွေလည်း ပြောဆိုမှာပါ ” လို့ ထုတ်ပြောခဲ့ပါတယ်။