ဖာဘင်ညိုသည် ရောင်းရန် မဟုတ်၊ စီနီယာအားလုံး ပြန်ဆုံဖို့ရှိခြင်း၊ ဗန်ဒိုက် တွဲဘက်အဖြစ် ကိုးဝဲလ်ကို နေရာပေးဖို့ထိ ပြင်ဆင်ထားခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

လီဗာပူးအသင်းဟာ လီဗီ ကိုးဝဲလ်ကို ခေါ်ယူနိုင်မယ်ဆိုရင် ဗန်ဒိုက်နဲ့ တွဲဘက်ပေးဖို့ ဆန္ဒရှိတယ်လို့ သိလာရပြီး ဒါဟာ အင်္ဂလန်ခံစစ်မှူးကို အန်ဖီးထံ ပြောင်းလာစေဖို့ မက်လုံးတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ဆော်ဒီလိဂ်ထံ ပြောင်းမှာ မဟုတ်ဘဲ လီဗာပူးမှာပဲ ဆက်ရှိနေမှာပါ။ သူဟာ ဂျရတ် ကိုင်တွယ်တဲ့ ဆော်ဒီအသင်းနဲ့ သတင်းကြီးတွေ ထွက်နေတာဖြစ်ပါတယ်။

ဂိုးသမား အတ်ဒရီယန်က ဒါဝင်ဟာ သူ့ရဲ့ ဒုတိယမြောက် ဘောလုံးရာသီမှာ ခြေစွမ်းပြဖို့ ဆာလောင်နေပြီး အရင်နှစ်ကထက် ပိုမို သွေးအေး တည်ငြိမ်လာလိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။

ဒီကနေ့ ဇူလိုင် ၁၁ ရက်မှာတော့ ထရန့်၊ အယ်လီဆန်၊ ဒီယက်စ်၊ ဂက်ပို၊ ဟန်ဒါဆန်၊ ဂျိုတာ၊ ကလယ်ဟာ၊ ကိုနတေး၊ ကယ်လစ္စတာ၊ ရော်ဘတ်ဆန်၊ ဆာလာ၊ ဒေါမနစ်၊ ကိုစတက်နဲ့ ဗန်ဒိုက်တို့ အက်ဆာလေ့ကျင့်ရေးကို စတင်ပူးပေါင်းပါမယ်။

လူငယ် ကြယ်ပွင့်တွေဖြစ်တဲ့ ဂိုးသမား ပီတာလူးဂါ၊ ကွင်းလယ်လူ မော်တန်၊ တိုက်စစ်သမား ဘော်ဘီကလက်နဲ့ ဗန်ဒုတ်တို့ဟာ လီဗာပူးအသင်းနဲ့ ပြန်လည် ပူးပေါင်းထားပြီ ဖြစ်ပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းနဲ့ ယူရိုဖလား အနိုင်ရထားတဲ့ ကာတစ်ဂျုံးနဲ့ ဟာဗေးတို့ဟာ နားရက် အနည်းငယ် ထပ်ရမှာမို့ လီဗာပူးအသင်းနဲ့ ပြန်ပူးပေါင်းဦးမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းဘက်က သီယေဂိုအတွက် လမ်းဖွင့်ပေးထားပေမယ့် ဖာဘင်ညိုကိုတော့ လုံးဝ ရောင်းထုတ်မှာ မဟုတ်ဘဲ ထိလို့မရမယ့် ကစားသမား အဖြစ် သတ်မှတ်ထားပါတယ်။

အာဆင်နယ် ပရိသတ်တွေက အာတီတာဟာ ကလော့ပ်လို အဆင့်ကို ရောက်နေပြီလို့ တွစ်တာကနေ သုံးသပ်နေကြပါတယ်။ ၎င်းတို့ကတော့ အာတီတာရဲ့ ဦးဆောင်မှုနဲ့အတူ အာဆင်နယ်ဟာ လီဗာပူးကို ထပ်မံ ကျော်ဖြတ်ပြီး မန်စီးတီးကို စိတ်ခေါ်မယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

စပို့တင်း ခံစစ်မှူး အန်နာဆီယိုကို စိတ်ဝင်စားနေပေမယ့် လီဗာပူးဘက်က တရားဝင် ချဉ်းကပ်မှု မလုပ်ဆောင်သေးကြောင်း ရိုမန်နိုက ပြောလာပါတယ်။