

တနင်္လာနေ့ မနက်က စတင်တဲ့ လီဗာပူးအသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးမှာတော့ စီနီယာနဲ့ လူငယ်တွေ ပေါင်းစပ်ထားတဲ့ အသင်းသား ၁၈ ဦး ပါဝင်ခဲ့ကြပါတယ်။
အတ်ဒရီယန်၊ ဂိုးမက်စ်၊ မာတစ်၊ ဖာဘင်ညို၊ ဒါဝင်နူးညက်တို့ လေ့ကျင့်ရေး အပြည့် ဝင်ခဲ့ကြပေမယ့် သီယေဂိုကတော့ သီးခြား အစီအစဉ်တွေကြောင့် မပါခဲ့ပါဘူး။ စပိန်သားဟာ အခုချိန်ထိ လေ့ကျင့်ရေးတွေမှာ ပါဝင်ဖို့ရာ ကြံ့ခိုင်မှု လုံလောက်ခြင်း မရှိသေးဘူးလို့လည်း သိရတယ်။
Putting in the work on day 3 📸 pic.twitter.com/YIPsafg1uh
— Liverpool FC (@LFC) July 10, 2023
လူငယ်စတားတွေဖြစ်တဲ့ ဗန်ဒုတ်၊ ဘော်ဘီကလက်၊ စတီးဝပ်၊ ကွမ်းဆက်၊ ဖရန့်ဒေါ့တို့အပြင် မနှစ်ကရာသီ အငှားထွက်ခဲ့တဲ့ ဂိုးသမား ပီတာလူးဂါ၊ ကွင်းလယ်လူ မော်တန်လည်း လေ့ကျင့်ရေးမှာ ပါဝင်လာခဲ့ပါတယ်။
သူတို့တွေရဲ့ လေ့ကျင့်မှုကို ယာဂင်ကလော့ပ် ဦးဆောင်တဲ့ နည်းပြအဖွဲ့က စောင့်ကြည့်မှုတွေ လုပ်နေခဲ့တယ်။ ဒါ့အပြင် အားကစားဒါရိုက်တာသစ် ဂျော့ ရှမတ်ကီကလည်း တက်ရောက် ကြည့်ရှုခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ရှမတ်ကီကို ၃ လစာချုပ်ဖြင့် ခေါ်ယူထားတာဖြစ်ကာ ဒီနွေမှာ နှစ်ဘက် အဆင်ပြေခဲ့မယ်ဆိုရင် စာချုပ်သစ် ထပ်ပေးခွင့် ပါဝင်ပါတယ်။ မက်ကယ်လစ္စတာ ခေါ်ယူမှုကို ဂျူလီယန်ဝတ်က တာဝန်ယူခဲ့ကာ ဒေါမနစ်ကိုတော့ ရှမတ်ကီက ခေါ်ယူပေးခဲ့တာဖြစ်ပါတယ်။
🔴 A few younger faces joined the #LFC training group today, including Ben Doak and Bobby Clark – while new sporting director Jorg Schmadtke watched from the sidelines.
Majority of first-teamers back in at the AXA tomorrow. pic.twitter.com/xUqhbQB9Ep
— Matt Addison (@MattAddison97) July 10, 2023
ဒီကနေ့ ဇူလိုင် ၁၁ ရက်မှာတော့ ထရန့်၊ အယ်လီဆန်၊ ဒီယက်စ်၊ ဂက်ပို၊ ဟန်ဒါဆန်၊ ဂျိုတာ၊ ကလယ်ဟာ၊ ကိုနတေး၊ ကယ်လစ္စတာ၊ ရော်ဘတ်ဆန်၊ ဆာလာ၊ ဒေါမနစ်၊ ကိုစတက်နဲ့ ဗန်ဒိုက် အစရှိတဲ့ စီနီယာ အသင်းသား ၁၄ ဦးဟာ အက်ဆာလေ့ကျင့်ရေးကို စတင်ပူးပေါင်းမှာဖြစ်ပါတယ်။
အင်္ဂလန် ယူ-၂၁ အသင်းနဲ့ ယူရိုဖလား အနိုင်ရထားတဲ့ ကာတစ်ဂျုံးနဲ့ ဟာဗေးတို့ဟာ နားရက် အနည်းငယ် ထပ်ရမှာမို့ လီဗာပူးအသင်းနဲ့ ပြန်ပူးပေါင်းဦးမှာ မဟုတ်ပါဘူး။