

လီဗာပူး ကစားသမားဘဝ ပထမဆုံး လေ့ကျင့်ရေးဟာ ခက်ခဲတယ်လို့ မက်ကယ်လစ္စတာက ဝန်ခံခဲ့ပေမယ့် အဲ့လို ခက်ခဲတာကို သဘောကျတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ပထမဆုံး လီဗာပူး လေ့ကျင့်ရေး အခြေအနေကို မှတ်ချက်ပေးဖို့ ဆိုဘိုစလိုင်က ငြင်းဆန်ခဲ့ပါတယ်။
လီဗာပူးအသင်းကို ပြန်ရောက်လာတဲ့ ဆာလာဟာ သူ့ရဲ့ ပြေးနှုန်းကို လူမှုကွန်ယက်ကနေ ဖော်ပြရာမှာ ပရော်ဖက်ရှင်နယ် အပြေးသမား တစ်ယောက်ရဲ့ ပြေးနှုန်းနီးနီး ရှိနေသေးတာကို မြင်ခဲ့ရပါတယ်။ ဆာလာဟာ နွေအားလပ်ရက်မှာ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ မြန်နှုန်းကို အပြည့်အဝ ဆက်ထိန်းထားခဲ့ပါတယ်။
ယူ-၂၁ ပွဲတွေ သွားကစားထားတဲ့ ဟာဗေး၊ ကာတစ်ဂျုံးကလွဲရင် လီဗာပူးအသင်းမှာ စီနီယာအားလုံး စုံလင်နေပါတယ်။ သီယေဂို ကြံ့ခိုင်မှု မပြည့်သေးတာကလွဲလို့ ထူးထူးခြားခြား ဒဏ်ရာ အခြေအနေ မရှိကြပါဘူး။
သီယေဂို အယ်ကန်တာရာကို ဆော်ဒီနဲ့ တူရကီဘက်က စိတ်ဝင်စားနေပေမယ့် လီဗာပူးဘက်က ကစားသမားကို အတင်းအကြပ် တောင်းဆိုမှုတွေ လုပ်မှာ မဟုတ်ဘဲ စာချုပ်ကုန်တဲ့ထိ အသင်းမှာ ဆက်ထိန်းထားဖို့လည်း အဆင်ပြေနေဆဲပါ။
လီဗာပူးအသင်းဟာ နွေစျေးကွက် အစောပိုင်းမှာ စောင့်ကြည့်ခဲ့တဲ့ ယူ-၂၁ ကစားသမားတွေဖြစ်တဲ့ ဂရာဗင်ဘက်ချ်၊ သူရမ်၊ မန်နူကူနေး၊ ဗီဂါနဲ့ ဗန်ဒီဗန်တို့အပေါ် စိတ်ဝင်စားမှုတွေ လျော့ကျသွားပြီ ဖြစ်ပါတယ်။
စိန့်ကွင်းလယ်လူ လာဗီယာကို လီဗာပူးဘက်က စိတ်ဝင်စားနေဆဲဖြစ်ကာ ကွင်းလယ်မှာ တစ်ခုခု ထူးခြားတာနဲ့ ကမ်းလှမ်းမှု ဝင်ဖွယ် ရှိပါတယ်။ ဘယ်ဂျီယံသားအတွက် ပေါင် သန်း ၅၀ တော့ ပေးမှာ မဟုတ်ပါဘူး။
အခုချိန်မှာ တစ်သင်းလုံးက ဒီရာသီ တစ်ခုခု အောင်မြင်ရေးအတွက် အစွမ်းကုန် ကြိုးစားပြီး အကောင်းဆုံးတွေကို ပြသဖို့ စိတ်အားထက်သန်နေပါတယ်လို့ ဂက်ပိုက ထုတ်ပြောလာပါတယ်။
လီဗာပူးက လီဗီ ကိုးဝဲလ်ကို အလေးအနက် စိတ်ဝင်စားနေတာဖြစ်ကာ ဒီအပတ်အတွင်း ခံစစ်သမားနဲ့ ချယ်ဆီးအသင်းကြား စကားပြောဆိုမှု အခြေအနေကို စောင့်ကြည့်မှာ ဖြစ်ပါတယ်။
၂၀၂၃ ယူ-၂၁ ယူရိုပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းမှာတော့ ကာတစ်ဂျုံးက ကွင်းလယ်ကနေ ပါဝင်ခဲ့ပါတယ်။
ဆာလာက အီဂျစ် တောင်ပံသမား Ibrahim Adel ရဲ့ အရည်အချင်းကို သဘောကျတာကြောင့် ခေါ်ယူဖို့ရာ အသင်းကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။